ဘဏ်လုပ်ငန်းတွေမှာလည်း AI နဲ့ အစားထိုးလာတော့မယ်..
စင်္ကာပူရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS ဘဏ်ကနေ လာမယ့် ၃ နှစ်အတွင်း အလုပ်သမား 4000 ခန့် လျှော့ချသွားဖို့ရှိကြောင်းနဲ့ အလုပ်အကိုင်အသစ် 1000 ခန့်ကို ဖန်တီးသွားမည်ဖြစ်ကြောင်း ဆိုလာပါတယ်။ ဝန်ထမ်းလျော့ချမယ့် အဓိကရည်ရွယ်ကတော့ လူသားအလုပ်သမားများနေရာမှာ AI အစားထိုးသွားဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။
အခုလို အလုပ်သမားဝန်ထမ်းလျှော့ချမှုဟာ သက်တမ်းကန့်သတ်ထားသော ဝန်ထမ်းများနဲ့ ယာယီဝန်ထမ်းများကို အဓိကထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါပေမဲ့လည်း သက်တမ်းရင့်ဝန်ထမ်းများနှင့် ရာထူးပိုင်းအကြီးအကဲများတော့ ထိခိုက်မှုမရှိလာနိုင်ဘူးလို့ ဖော်ပြထားပါတယ်။
အလုပ်သမားလျှော့ချပြီး AI နဲ့ အစားထိုလုပ်ကိုင်လာတဲ့အထဲမှာ နည်းပညာကုမ္ပဏီများနဲ့ သုတေသနလုပ်ငန်းများမှာ အများစုတွေ့ခဲ့ရတာမှန်ပေမဲ့ ဘဏ်လုပ်ငန်းတွေမှာ အစားထိုးလာမှာကတော့ ဒါက ပထမဆုံးပါ။ ဒီလိုဆိုရင်တော့ နောက်ပိုင်း ဘယ်လိုနယ်ပယ်တွေမှာလည်း အစားထိုးလုပ်ဆောင်မှုတွေရှိလာမလဲဆိုတာ စိုးရိမ်စရာပါပဲ။ စိုးရိမ်စရာလား ကောင်းမွန်လာတာလားဆိုတာကတော့ တစ်ဦးချင်းရဲ့အမြင်မှာလည်း မူတည်ပါသေးတယ်လေ...
