8 w - Translate

QR Code အကြောင်း သိကောင်းစရာများ
QR Code ဆိုတာ ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ စက်ကနားလည်တဲ့ ပုံစံပြောင်းထားတဲ့ စတုရန်းပုံစံ ကုဒ်တစ်မျိုးပါ။ ဒီနေ့ခေတ် လူတိုင်းရဲ့နေ့စဉ်ဘဝမှာ QR Code တွေကို နေ့စဥ်ထိတွေ့နေရပါတယ်။
QR Code ၏ သမိုင်းကြောင်းကိုပြောရရင် QR Code (Quick Response Code) ကို ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှာရှိတဲ့ Denso Wave ကုမ္ပဏီမှာရှိတဲ့ Masahiro Hara ဆိုသူနဲ့ သူ၏အဖွဲ့က Toyota ကားကုမ္ပဏီရဲ့ ကားအပိုပစ္စည်းတွေကို စာရင်းစစ်ဖို့၊ ပစ္စည်း Stock တွေစစ်ဖို့ ထွင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Barcode တွေပေါ်နေပြီဆိုပေမယ့် Barcode မှာထည့်ထားနိုင်တဲ့ အချက်အလက်က အကန့်အသတ်ရှိနေလို့ဖြစ်ပါတယ်။
ဒါ့ကြောင့် အချက်အလက်အများကြီးလည်းသိုလှောင်နိုင်ရမယ်၊ ဂျပန်စကားလုံးတွေ(ကန်ဂျိ) တွေကစလို့ သိမ်းဆည်းထားနိုင်ပြီး ကုဒ်ဖတ်တဲ့အခါမှာလည်း အများကြီးပိုမြန်မယ့် နည်းပညာတစ်ခုကို တီထွင်ကြဖို့ဖြစ်လာပါတယ်။
QR Code မှာလည်း အမျိုးအစားအများကြီးခွဲထားနိုင်ပါတယ််။ အများဆုံးသုံးနေကြတဲ့ အခြေခံ QR Code၊ အချက်အလက်တွေပြောင်းလဲလို့ရတဲ့ Dynamic QR Code၊ အချက်အလက်အသေတွေထည့်လို့ရတဲ့ Static QR Code အပြင်တစ်ခြား အမျိုးအစားတွေအများကြီးရှိပါတယ်။
QR Code တွေကို နေ့စဥ်အသုံးပြုတဲ့အနက် အသုံးများကြတဲ့နေရာတွေကတော့ မိုဘိုင်းငွေလွှဲတဲ့အခါမျိုးတွေ၊ ကုန်ပစ္စည်းတွေအချက်အလက် သတ်မှတ်စစ်ဆေးတဲ့နေရာ၊ Visa ထုတ်ပေးတဲ့နေရာ၊ လေယာဥ်လက်မှတ်စတဲ့နေရာတွေပါ။
QR Code တစ်ခု ဖန်တီးဖို့ကလည်း အတော်လေးလွယ်သလို "အခမဲ့" အသုံးပြုနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ကိုယ်ကြိုက်တဲ့ QR Generator ကိုသုံးပြီး ကြိုက်တဲ့ QR တွေထုတ်လို့ရနေပါပြီ။ QR Code တွေကို Scan ဖတ်ဖို့ ခုခေတ်ကဖုန်းတိုင်းမှာ QR Scanner တွေ ပါနေပါပြီ။
Denso Wave ကုမ္ပဏီဟာ QR Code နည်းပညာကို မူပိုင်ခွင့်ရယူခဲ့ပေမယ့် လူအများ အသုံးပြုလို့ရအောင် အခမဲ့အသုံးပြုခွင့်ပေးခဲ့ပြီး မူပိုင်ခွင့်ကို Open Source လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကတော့ အမှုမှတ်မဲ့ နေ့စဥ်သုံးမိနေတဲ့ QR Code အကြောင်းပဲဖြစ်ပါတယ်။

image