8 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာဘက်ခြမ်းရှိ နိုင်ငံခြားသား ၇ဝဝဝ ကျော် မိခင်နိုင်ငံများသို့ လွှဲအပ်မည့်အချိန် စောင့်ဆိုင်းနေ
မြန်မာနိုင်ငံ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှကယ်ထုတ်ထားသော ပြည်ပနိုင်ငံသား ၇ဝဝဝ ကျော်တို့မှာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းအပ်နှံမည့်နေ့ကို စောင့်ဆိုင်းနေကြရကြောင်း ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(ဘီဂျီအက်ဖ်)က ပြောကြားထားသည်။
ဘီဂျီအက်ဖ်တပ်ဖွဲ့သည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှကယ်ထုတ်ထားသော နိုင်ငံပေါင်း ၂၈ နိုင်ငံတို့မှ နိုင်ငံသားပေါင်း ၇၂၄၁ ဦးတို့၏ အမည်စာရင်းများကို ထိုင်းတာဝန်ရှိသူများ စိစစ်နိုင်ရေးအတွက် ပေးပို့ထားပြီးဖြစ်သည်။
ဘီဂျီအက်ဖ်အဖွဲ့က ပေးပို့ထားသော အထက်ပါလူစာရင်းတွင် အမျိုးသား ၆၇၁၆ ဦးနှင့် အမျိုးသမီး ၄၂၅ ဦးတို့ပါဝင်ကြောင်း ထိုင်းမီဒီယာများ၏ အဆိုအရ သိရသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ဘီဂျီအက်ဖ်အဖွဲ့က ခေါ်ထုတ်ထားသူ ပြည်ပနိုင်ငံသားများအနက်အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၄၈၆ဝ အထိရှိကြောင်း ထိုင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ဒုတိယအများဆုံး ပါဝင်သော ပြည်ပနိုင်ငံသားများမှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ပြီး ၅၇၂ ဦး အထိ ပါဝင်သည်။ တတိယအများဆုံးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြ၍ ၅၂၆ ဦးအထိရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ဘီဂျီအက်ဖ်အုပ်စု ကယ်ထုတ်ထားသူ ၇ဝဝဝ ကျော်တို့မှာ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းတွင်သာ ရှိနေဆဲဖြစ်ပြီး မိခင်နိုင်ငံများသို့ပြန်လည်ပို့ဆောင်ပေးရေးအတွက် သက်ဆိုင်ရာ သံရုံးများက စီစဉ်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း ဗန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံအနေဖြင့်လည်း အထက်ပါ နိုင်ငံခြားသား ၇ဝဝဝ ကျော်တို့ကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် တွန့်ဆုတ်နေကြောင်း သိရသည်။
ဗန်ကောက်ပို့စ်

image