8 ပတ် - ဘာသာပြန်ပါ။

မုန်း၍မဟူဖတ်ပြီး မွန်းကြပ်စွာ ခံစားရတယ် ။ တချို့ အချစ်တွေက အချစ်လွန်ပြီး ဘောင်တွေ ကျော်လွန်ပြီး လိုတာထပ် ပိုသွားတဲ့အခါ ကိုယ် ချစ်ရသူကို နစ်သလိုဖြစ်သွားမှန်းမသိ ဖြစ်သွားတတ်တယ် ။
သူစိမ်းနှစ်ယောက် ချစ်တဲ့အချစ်မှာ ကိုယ့်ဘက်က ပိုပြီးချစ်မယ်ဆိုပြီး ကိုယ်ကချည်း ကိုယ် ဖြစ်ချင်သလို အရာရာကို မဆုံးဖြတ်ဘဲနဲ့ ကိုယ်ကချည်းပဲ နှစ်သက်တဲ့ အကောင်းဆုံးဆိုတဲ့ အရာအလုံးစုံကို ချစ်၍ပေးတယ် ဆိုတာထက် အဲ့အရာတွေနဲ့ ကိုယ် ချစ်ရတဲ့သူက ပျော်ရွှင်နေရဲ့လား ၊ စိတ်ချမ်းသာနေရဲ့လား ၊ သူ့ရဲ့စိတ်လွတ်လပ်မှုရှိရဲ့လား ဆိုတဲ့ အတွေးကိုလည်း စဉ်းစားသင့်တယ် ။
ဒီ “ မုန်း၍မဟူ ” စာအုပ်လေးထဲ “ဝေဝေ့” လို စိတ်ထားမျိုး “;ဦးစောဟန် ” အပေါ်မှာ ‌နာကျည်းစိတ်မထားဘဲ ၊ စိတ်မနာဘဲ ၊ စိတ်မဆိုးဘဲ ဒေါသမဖြစ်ဘဲ စိတ်မကောက်ဘဲနဲ့ ဝေဝေ နေရာမှာဝင်ပြီး ကိုယ်တိုင်ခံစားမိတယ် ။ ကိုယ့်စိတ်ကို ထားနိုင်ပါ့မလားလို့....
အဲ့လိုတွေးကြည့်မိပြန်တော့ နာနာကျင်ကျင် ပြုံးမိတာပါပဲ...။ “ဝေဝေ” စိတ်လေး ဖြူစင်လိုက်ပုံများ ဦးစောဟန်ကို မမုန်းပါဘူး သူ့ကိုချစ်မိတဲ့ ကိုယ့်ကိုယ်ပဲ မုန်းမိတယ်တဲ့ကွယ် ။ တကယ်တော့ သူစိမ်းနှစ်ယောက် ချစ်တဲ့အခါမှာ ကိုယ့်ခံစားချက် ဆိုတာထက် သူ့ခံစားချက်ကိုပါ အရာရာတိုင်းမှာ ထည့်စဉ်းစားပေးပြီး ဘယ်အရာကိုမဆို အတူမျှဝေခံစားပြီး လက်တွဲသွားမှလျှင် အေးချမ်းတဲ့ နှစ်ယောက် တစ်ဘဝကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ရမှာပါ ။
“ ငြိမ်းချမ်းမှုဆိုတာ ဘယ်မှာမှ ရှာမတွေ့နိုင်ပါဘူး ။ ဘယ်သူမှ မဖန်တီးနိုင်ဘူး ။ တကယ့် ငြိမ်းချမ်းမှုအစစ်ဟာ ကိုယ့်နှလုံးသားထဲမှာပဲ ရှိတယ် ။ ဝေဝေ မိခင်မယ်တော် (မယ်သီလရှင်ကြီး)က ဝေဝေ့ကို ဆုံးမတဲ့ စကားလေး ဝေဝေ ကိုယ်‌တိုင်ရော နောက်ဆုံးအချိန်ထိ ငြိမ်းချမ်းမှု စိတ်ချမ်းသားမှုကို ပိုင်ဆိုင်သွားရဲ့လားဆိုတာကတော့ ဒီစာအုပ်လေးထဲမှာ ဖတ်ရှုကြည့်လိုက်ပါဦးနော် ။
#ဂျာနယ်ကျော်မမလေး
#မုန်း၍မဟူ

image