8 w - Translate

ကမ္ဘာမှာ လုပ်ငန်းခွင်မှာ စက်ရုပ် အများဆုံး သုံးတဲ့ နိုင်ငံ ဖြစ်လာတဲ့ တောင်ကိုရီးယား
===============================================

တစ်ကမ္ဘာလုံးမှာ စက်ရုံ အလုပ်ရုံတွေမှာ စက်ရုပ် အသုံးပြုမှုဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ၂ ဆကျော် များပြားလာပါတယ်။ တစ်ကမ္ဘာလုံးမှာ စက်ရုပ် အများဆုံး အသုံးပြုတဲ့ နိုင်ငံက တောင်ကိုရီးယား ဖြစ်လာပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ လုပ်သား အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို စက်ရုပ်တွေနဲ့ အစားထိုးထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ကမ္ဘာမှာ စက်ရုပ် လုပ်သား အများဆုံး သုံးတဲ့ နိုင်ငံဖြစ်လာပြီး လူသား ဝန်ထမ်း ၁၀,၀၀၀ မှာ စက်ရုပ် ၁,၀၁၂ ရုပ်ကို အသုံးပြုနေပါတယ်။

လူသား ဝန်ထမ်း ၁၀,၀၀၀ မှာ စက်ရုပ် ၄၇၀ ကို အသုံးပြုထားတဲ့ တရုတ် က နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး ဂျာမနီနဲ့ ဂျပန်ထက် ပိုများနေပါတယ်။

တောင်ကိုရီးယားဟာ ၂၀၁၈ ခုနှစ်က စတင်ကာ နှစ်စဉ် စက်ရုပ် အသုံးပြုမှု ၅ ရာခိုင်နှုန်း တိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။ သက်ကြီးရွယ်အို များပြားလာပြီး ကလေးမွေးဖွားမှုနှုန်း မြင့်မားတာကြောင့် တောင်ကိုရီးယားဟာ စက်ရုပ်တွေကို ပိုမို အသုံးပြုလာကြတာ ဖြစ်ပါတယ်။

image