ထိုင်းမှာ တစ်ပတ်အတွင်း မြန်မာ ၅၀၀၀ နီးပါး ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၂၇

ထိုင်းနိုင်ငံမှာ တစ်ပတ်အတွင်း မြန်မာ ၄,၈၇၉ ဦးအပါအဝင် တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၉၅၀၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထိ တစ်ပတ်တွင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မှုခင်းပပျောက်စေဖို့နဲ့ အများပြည်သူဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် စီမံချက်နဲ့ ထိုင်းရဲတပ်ဖွဲ့က နိုင်ငံခြားသားတွေ နေထိုင်တဲ့နေရာတွေကို စစ်ဆေးခဲ့ရာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၉,၅၀၀ ဦးကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ ၄,၈၇၉ ဦးနဲ့ ဖမ်းဆီးခံရမူအများဆုံးဖြစ်ပြီး လာအို ၁,၆၉၉ ဦး၊ ကမ္ဘောဒီးယား ၁,၃၇၆ ဦး၊ ဗီယက်နမ် ၁၀၃ ဦး၊ ထိုင်း ၅၆၄ ဦးနဲ့အခြားနိုင်ငံသား ၉၁၁ ဦးတို့ဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူခံမယ်ဖြစ်ပြီးတော့ အရေးယူခံရပြီးပါက မြန်မာပြည်ကို ပြန်ပို့ခံရမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ထိုင်းနိုင်ငံမှာ အကျဥ်းကျပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀ ဦးကို ရနောင်း - ကော့သောင်းနယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image