24 w - Translate

ယာဉ်မောင်းသူတိုင်း တကယ်ဂရုစိုက်သင့်တဲ့ အချက်တွေပါ

ရန်ကုန်မြို့တွင် အထူးသတိထား မောင်းနှင်သင့်သော နေရာများ အပိုင်း (၇)
ဒီနေရာ ကတော့ ရန်ကုန်မြို့ရဲ့ ရှေးအကျဆုံး လမ်းပိုင်းတွေထဲက တစ်ဖြစ်တဲ့....
ပြည်လမ်း နဲ့ အလုံလမ်း ( မစ်ရှင်လမ်း ) ထောင့် ပါ....
ကျနော်ရန်ကုန် ရောက်ခါစက အဲ့ဒီ မီးပွိုင့်ဟာ ယာဉ်ကြော နှစ်ကြော သာရှိတဲ့ မီးပွိုင့်ပါ ဘေးနားမှာ မျက်ခင်းစိမ်းတွေနဲ့ ပြည့်လို့နေပါတယ်....
သစ်ပင်ကြီးတွေကလည်း အုပ်ဆိုင်းပြီး လမ်းနားမှာပင်ရှိပါတယ် ....
ခပ်လှမ်းလှမ်းက သမ္မတအိမ်တော် နားမှာကလည်း လမ်းကျဉ်း လေး ရှိပါတယ်....အနားမှာ လူနေအိမ်တွေကလည်း မရှိသလောက်ပါပဲ...
ရှဉ့် လေးတွေ လမ်းကို ဖြတ်ကူးနေတာ ဗျိုင်းအုပ်ကြီးတွေ သစ်ပင်ပေါ်မှာ မြင်ရတာ ကြည်နူးစရာပါ....
ရန်ကုန်မြို့ထဲမှာ အရှိန်မြင့် အများဆုံး မောင်းကြတဲ့ နေရာများထဲမှာ...ပြည်လမ်း ပေါ်က ထိုနေရာ ဟာလည်း တစ်ခုအပါအဝင်ပါ....
ဆိုင်ကယ်ခေတ်ကဆို...
အလုံလမ်းအတိုင်း မီနီဖြတ်လာတဲ့ ဆိုင်ကယ်တွေကို ...ပြည်လမ်းက အရှိန်နဲ့မောင်းကာ မီးစိမ်းကို ချိန်မောင်းတဲ့ကား တွေနဲ့ တိုက်တာ ....ကားချင်းတိုက်တာ စသည်ဖြင့် တစ်နေ့ကို ယာဉ်တိုက်မှု အနဲဆုံး နှစ်ကြိမ်လောက် ဖြစ်တဲ့နေရာပါ....( ဆိုင်ကယ် ဆရာတွေ မျက်ခင်းပေါ် ပက်လက် အနားယူနေကြတာ မကြာခဏ ဆိုသလို တွေ့ဖူးပါတယ် )ကျနော်ကလည်း ထိုနေရာကို အနဲဆုံး တစ်နေ့ကို လေးကြိမ်တော့ ဖြတ်ပါတယ်...တစ်ခါတလေတော့ အကြိမ် သုံးဆယ်လောက်ဖြတ်ဖြစ်ပါတယ်....
အဲ့နေရာကို အမှတ် ရနေတဲ့ အဖြစ်ကတော့...
(မီးနီ ဖြတ်လာတဲ့ ဆိုင်ကယ်ကို မီးစိမ်း ဖြတ်လာတဲ့ ကားက အနောက်ပိုင်းလေး တိုက်မိလိုက်တာ...ဆိုင်ကယ်မောင်းသူက ဂျွမ်းပစ် သွားပါတယ် ....အရှိန်ပါတာမို့....သူက မတ်တပ်ရပ်လိုက်...လဲကာ ဂျွမ်းပစ်လိုက် ....နောက်တစ်ခါ မတ်တပ်ရိုက်လိုက် ထပ်ပြီး ဂျွမ်း ပစ်လိုက်နဲ့ ငါးပါတ်လောက် ဖြစ်ပြီးမှပဲ ရပ်ပါတော့တယ်...ဦးထုပ် ပါ၍ ခေါင်း တော့ မပွင့် ခဲ့ပါ )
လမ်းဆုံတိုင်းကတော့ အန္တရာယ် တွေ အနဲနဲ့အများ ရှိကြပါတယ်.....
ထိုနေရာမှာကတော့ မိုးတွင်းဘက်တွေမှာ အရှိန်ဖြင့် နောက်က မောင်းလာတဲ့ကား တွေကိုပါသတိထားရပါတယ် ...ရုတ်တရက် မီးနီလျင် / ဝါလျင် ရှေ့တိုက် နောက်တိုက်တွေက ပိုများပါတယ်....( စကားမစပ် ပွိုင့်အကျော်က ဗန်ဒါ ပင်အောက်မှာ စောင့်ကြည့်သူ ရှိပါကလည်း အစိုးရိမ်လွန်ကာ မဝါခင် ရပ်ကြတာကြောင့် သော်လည်းကောင်း မျဉ်းဝါကျော် နေပေမယ့် ရပ်ကြတာကြောင့်.... တိုက်တာတွေလည်း တွေ့ဖူးပါတယ်)
နောက်တစ်မျိူးက ပြည်လမ်းအတိုင်း မြေနီကုန်းဘက်မှလာပြီး အလုံလမ်း မှာ ဖရီးဝေးက ညာကွေ့သည့် ကားနဲ့ မီးပွိုင့်ဖြတ်လာသော ကားတို့ တိုက်တတ်ကြပါတယ်....
ပြည်လမ်းကညအရှိန်ကို ဖရီးဝေး သို့ သယ်ဆောင်လာသော ကားတွေဖြစ်တာပါ...
ဖရီးဝေးချင်းအတူတူ ဟယ်ပင်ဘက်ကလာ ပြီး အလုံလမ်းမှာ ဖရီးဝေး အတိုင်း ညာချိုးမည့်ကားကျတော့ လမ်းလယ်ကျွန်းက တစ်ကြောစာ ကွယ်ပေးထားတာမို့ အလုံလမ်းပေါ် လွတ်လပ်စွာ ဝင်လို့ ရပြန်ရော ခင်ဗျာ....( အဲ့ဒီကျွန်းကို လှီးလိုက်လျင်တော့ ကွေ့ကားတွေလည်း အဆင်ပြေသွားနိုင်သလို ဖရီးဝေး တွေအတွက်ကလည်း သတိထားစရာ တစ်ခု ဖြစ်လာမှာပါ )
ဒီနေ့ည မစ်ရှင် ကျောင်းဘက်က တက်လာပြီး အလုံလမ်းကို အတည့်ဖြတ်မယ် ဆိုကာ လမ်းလည် ကနေ နေရာယူတော့ .... ဘေးမှာ တဗျူးဗျူး နဲ့ ကားတစ်စီး ရောက်နေတယ်....သူယူတဲ့ လမ်းက မြေနီကုန်း ဘက်ကို ကွေ့ရမည့် လမ်းကြောပါ....
မီးပွိုင့် အလည် မှာ လမ်းက ဖြောင့်နေပေမယ့် ယာဉ်ကြောက တစ်စောင်း ဆွဲပေးထားပါတယ်....ကိုယ်က ရှေ့မှာ မြင်ရတဲ့ လမ်းလည်ကြော အတိုင်း ကျွန်းနားကို ကပ်ယူရမှာပါ...ညာဘက်မှာ လည်း အတည့်သွားမည့် ကားတစ်စီးက ရှိနေပါတယ်...
လိုရမယ်ရ ဘယ်ကား မျှ လမ်းမှား မလာပါစေနဲ့ တွေးထားပါတယ်....
လမ်းမှား လာလျင်လည်း ဟွန်းတီးရမယ် လိုအပ်ပါက မတိုက်မိရန် ကိုယ်က အရှိန် လျှော့ရပါမယ်....( လမ်းခိုးသူက ပိုပြီး သွက်တတ်ကြပါတယ် )စိတ်ထဲ တွေးထားတာပေါ့လေ....ဒါနဲ့ ကားရပ်ထားတုန်းလေး ဓါတ်ပုံ နှစ်ပုံ ရိုက်လိုက်တယ် ရှေ့လမ်းကြော တစ်ပုံနဲ့.....ဘယ်က ကားခေါင်းလေး ပါတဲ့ တစ်ပုံပေါ့...အဲ့ဒီကား က ကိုယ့်ရှေ့က ဖြတ်ဝင်နိုင်တယ် ဆိုတာ သိနေသလိုပါပဲ....ကားက ဂဏာမငြိမ်ပါဘူး
သိပ်ကြာကြာ မစောင့် လိုက်ရပါဘူး
ကိုယ်တော်ချောက မီးစိမ်းတာနဲ့ ဝေါကနဲ ဆိုကာ ကိုယ့်ရှေ့က ဖြတ်ဝင်ပြီး ဦးဝိစာရဘက်ကို မောင်းသွားပါတော့တယ် ...
ယာဉ်စည်းကမ်းဖေါက်ဖျက်မှု ဆိုတာ ဘာမှ မဖြစ်လျင် ခဏအတွင်း ပျက်ပြယ် သွားတယ်လို့ ထင်ရပေမယ့်....မှတ်တမ်းရှိလာတဲ့အခါ.... တစ်ဘက်သားတွေ နစ်နာ သွားတဲ့အခါ အပြစ်က အတိုင်းအဆ မရှိပါဘူး....
ဒါ့ကြောင့် မှန်ပြီး ထိခိုက်တာထက် မှားပြီး ထိခိုက်တာက ပို၍ ဖြေရှင်းရခက်ပါတယ်...( လုံးဝမထိခိုက်လျင်တော့ အကောင်းဆုံးပါ )
ခုကာလတွေမှာ မီးပွိုင့်အတော်များများရဲ့ ယာဉ်ကြောများကို ကားအရေအတွက် များလာသည်နှင့် အမျှ သင့်လျော်အောင် ပြင်ဆင်ရေးဆွဲတဲ့ ကာလမို့....သတိထားကြပါခင်ဗျာ....
ရန်ကုန်မှာ ပြောင်းလဲလာသော မီးပွိုင့်များ ကို မှတ်မိသလောက် ပြောရလျင်...
ဘုရားလမ်း ဗိုလ်ချုပ်လမ်း မီးပွိုင့်
အလုံလမ်း ပြည်လမ်း မီးပွိုင့်
အင်းယားလမ်း တက္ကသိုလ်ရိပ်သာ လမ်း မီးပွိုင့်/ ဓမ္မစေတီလမ်း မီးပွိုင့်...
စသည်ဖြင့် အတော်များများ မီးပွိုင့် တွေ ပါ...
ကားမောင်းလျင် / ရပ်လျင် လမ်းပေါ်က အမှတ်အသားများကို အထူးသတိပြုကြပါခင်ဗျာ...စည်းကမ်းလည်း လိုက်နာကြပါ ခင်ဗျာ...🙏
Credit

image