8 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာ့အရေးကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းရလိမ့်မည်ဟု မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟမ်မက်ခါလက်နော်ဒန် ပြောကြား
မြန်မာနိုင်ငံ၌ ပေါ်ပေါက်နေသော လုံခြုံရေးပြဿနာများကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းရလိမ့်မည်ဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟမ်မက် ခါလက်နော်ဒန်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပသော အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၌ပြောကြားလိုက်သည်။
မြန်မာအရေးဆိုင်ရာကို စစ်ရေးနည်းလမ်းအစား သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းရလိမ့်မည်ဖြစ်ကြောင်း အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် မလေးရှားကာကွယ်ရေးဝန်ကြီးက သုံးသပ်ခဲ့သည်။
အလားတူ မြန်မာ့အရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အ အစိုးရအဖွဲ့များ အဓိကထားဖြေရှင်းမည့် ပြဿနာအဖြစ် မိမိယုံကြည်ထားကြောင်း မ​​လေးရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
လူမှောင်ခိုပြဿနာ ဖြေရှင်းရေး၊ ငြိမ်းချမ်း မှုပြန်လည်တည်ဆောက်ရေး၊ မြန်မာပြည်သူများ၏အနာဂတ် ဘေးကင်းလုံခြုံရေးတို့အပါအဝင် မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းများကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ကတိကဝတ်ပြုထားသည့်အတိုင်း ကြိုးပမ်းဖြေရှင်းမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံက ပြောကြားထားသည်။
အာဆီယံအနေဖြင့် မြန်မာပြဿနာကို ဖြေရှင်းရာ၌ ပြည်တွင်းရေး ကြားဝင်မစွက်ဖက်ရေးမူကို ကျင့်သုံးနေချိန်တွင် လူမှောင်ခိုပြဿနာ၊ အွန်လိုင်းလိမ်လည်မှုပြဿနာ၊ ဆိုက်ဘာရာဇဝတ်မှု ပြဿနာများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကြောင့် မြန်မာပြဿနာမှာ နယ်စည်းကျော်ပြဿနာ သဘာဝဆောင်လာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက်ဟာဆန်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သုံးသပ်ထားသည်။

image