#မှိုထောင်း
လုပ်ရလွယ်ကူးပြီးစားလို့အရမ်းကောင်းတဲ့မှိုထောင်းနည်းလေးကိုမျှဝေပေးလိုက်ပါတယ်
ပါဝင်ပစ္စည်း
- မှို ( ကြိုက်နှစ်သက်ရာမှို )150 g
- ငရုတ်သီးစိမ်း/ နီ 10 တောင့်
- ကြက်သွန်နီ ဥသေးမျိုး 5 ဥ
- ကြ်သွန်ဖြူ 5 မွှာ
- ကြက်သွန်မြိတ် 2 ပင်
- နံနံပင် 2 ပင်
- ငါးပိရည်ကျို (ready made ဘူးလည်းရတယ်)
- ငါးငံပြာရည် ထမင်းစားဇွန်း 1 ဇွန်း
- အချိုမှုန့် ထမင်းစားဇွန်း 1/3
🍄 ပြုလုပ်ပုံ 🍄
- မှို ကြက်သွန်နီ/ဖြူ ငရုတ်သီးစိမ်း/နီ တို့ကိုမီးကင်ထားပေးပါ (ဒယ်ထဲထည့်လှော်လည်းရပါတယ်ရှင့်) ကြက်သွန်မြိတ်နဲဲ့ နံနံပင် တို့ကိုပါးပါးလှီးထားပါ
- ဆုန်ထဲကို မီးကင်းထားတဲ့ ကြက်သွန်နီ/ဖြူ ငရုတ်သီးတို့ကိုမညှက်တညှက်ထောင်းပေးပါ ပြီးရင်မှိုထည့်ထောင်းပါ ငံပြာရည် ငါးပိရည်ကျို အချိုမှုန့် ကြက်သွန်မြိတ် နံနံပင် ထည့်ပြီးရင်ဖွဖွလေးထပ်ထောင်းပေးရင်ရပါပီ
- ထမင်းနဲ့စားတဲ့အခါကိုယ်ကြိုက်နှစ်သက်တဲ့အတို့အရွက်တို့နဲ့တွဲစားလို့ရပါပြီရှင့် လုပ်ရလွယ်ကူးပြီးစားလို့အရမ်းကောင်းပါတယ်ရှင့် ကုန်ကျစရိတ်လည်းသက်သာပါတယ်
