8 w - Translate

ဆွစ်ဇာလန်မှ Church ကျောင်း တစ်ခုကို AI Jesus ရောက်လာပြီ
=====================================
AI နည်းပညာဟာ ဒီနှစ်ပိုင်းအတွင်းမှာ များစွာ တိုးတက်လာပြီး နယ်ပယ်များစွာမှာ အသုံးပြုလာကြပါတယ်။ အခုတော့ AI ကို ထူးထူးခြားခြား အသုံးပြုထားတဲ့ နေရာ တစ်ခု ရှိပါတယ်။
အဲဒါကတော့ ဆွစ်ဇာလန် နိုင်ငံ Lucerne မှ ခရစ်ယာန်ဘုရားကျောင်း တစ်ခုမှာ ဖြစ်ပါတယ်။ Peter’s Chapel Church မှာ Decus in Machina လို့ အမည်ပေးထားတဲ့ AI Jesus ကို ဖန်တီးထားပါတယ်။ အပြစ်ဝန်ခံတဲ့ အခန်းမှာ AI Jesus ကို ထားရှိထားပါတယ်။ AI Jesus ဟာ ဘာသာစကား ၁၀၀ ကို ပြောတတ်ပြီး ဘုရားကျောင်းလာသူတွေနဲ့ စကားပြောနိုင်ပါတယ်။ လာရောက်သူတွေရဲ့ မေးခွန်းတွေကိုဖြေကြားနိုင်ပါတယ်။
AI Jesus ကို ဒစ်ဂျစ်တယ် Avatar ပုံစံနဲ့ တွေ့မြင်ရမှာဖြစ်ပြီး AI Jesus ကြောင့် Church ကို လာရောက်သူ ၁,၀၀၀ ကျော်သွားပါပြီ။ ဘာသာခြားတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေလည်း အဲဒီကိုလာရောက် လေ့လာနေကြပါတယ်။
လာရောက်သူတချို့က AI Jesus နဲ့ စကားပြောရတာ သက်တောင့်သက်သာ ရှိပြီး သူတို့ကို စောင့်ရှောက်နေတယ်လို့ ထင်ရကြောင်းပြောပါတယ်။ တချို့ကလည်း AI Jesus ဖန်တီးထားတာကို မနှစ်သက်ဘူးလို့ ဝေဖန်နေကြပါတယ်။

image