လီဗာပူးလ်အသင်းကပ္ပတိန်ဗာဂျယ်လ်ဗန်ဒိုက်က ကြိုးကြာနီအသင်းအနေနဲ့ ၅ နှစ်အတွင်း ချန်ပီယံဆုကိုရယူနိုင်ဖို့ရှိနေခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်နောက်ဆုံးအချိန်ကာလပိုင်းမှာ ဧည့်သည်အသင်းတွေအတွက်အန်ဖီးလ်ကွင်းအနေအထားကိုငရဲဖြစ်လာစေဖို့အကူအညီဖြစ်စေရန်အသင်းပရိသတ်တွေကိုတိုက်တွန်းနှိုးဆွပြောဆိုလိုက်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက အီတီဟတ်ကွင်းမှာမန်ချက်စတာစီးတီးအသင်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး မိုဟာမက်ဆာလက်နဲ့ဒိုမီနက်ခ်ဆိုဘော့စလိုင်တို့ရဲ့သွင်းဂိုးကြောင့်သူတို့အသင်းအနေနဲ့ အာဆင်နယ်အသင်းကို ရမှတ် ၁၁ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။သူတို့အသင်းအနေနဲ့လက်ကျန်ပွဲစဉ် ၁၁ ပွဲကျန်ပြီး အိမ်ကွင်းပွဲစဉ် ၇ ပွဲသာကျန်ရှိတော့တာဖြစ်ပါတယ်။
အသင်းပရိသတ်တွေရဲ့ဖိအားဟာ အသင်းအနေနဲ့ချန်ပီယံဆုရယူဖို့အတွက်အများကြီးအကူအညီဖြစ်စေတယ်လို့ဗန်ဒိုက်ကထပ်လောင်းပြောဆိုလာခဲ့ပါတယ်။
ငါတို့အိမ်ကွင်းပွဲစဉ် ၇ ပွဲကျန်ရှိပါသေးတယ်။ဒါကြောင့်ငါတို့အကောင်းမွန်ဆုံးပွဲစဉ် ၇ ပွဲဖြစ်အောင်ကစားကြရပါမယ်။ခွန်အားဖြစ်အောင်အားပေးကြရပါမယ်။ငါတို့အသင်းပရိသတ်တွေလုပ်ဆောင်ပြီးသားဖြစ်တယ်ဆိုတာကျနော်သိပါတယ်။ငါတို့ပွဲတပွဲချင်းစီပဲ့အာရုံစိုက်ရမှာဖြစ်ပြီး နယူးကာဆယ်နဲ့ပွဲစဉ်ကနေစတင်ပြီးဖြစ်ပါတယ်လို့ ဗန်ဒိုက်ကပြောဆိုပါတယ်။
တည်ငြိမ်မှုနဲ့ ကစားသမားတွေရဲ့ခန္ဓာကိုယ်ပြန်လည်ထူထောင်ရေးရဲ့အရေးပါမှုနဲ့ပတ်သက်ပြီးလည်း အသင်းကပ္ပတိန်ကထပ်လောင်းပြောဆိုလာခဲ့ပါတယ်။
အရေးကြီးဆုံးအရာကတော့ တပွဲချင်းစီတည်ငြိမ်မှုရှိသွားဖို့ဖြစ်ပါတယ်။ငါတို့မြန်မြန်ပြန်လည်ထူထောင်ရပါမယ်။နယူးကာဆယ်အသင်းဟာမာကျောတဲ့အသင်းဖြစ်ပြီး ဒီလိုစိန်ခေါ်မှုတွေအတွက်ငါတို့ကိုယ့်ကိုကိုယ်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရပါမယ်လို့ ကပ္ပတိန်ကပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီအဝေးကွင်းပွဲစဉ်မှာရှုံးပွဲမရှိသေးဘဲ ၁၀ နိုင် ၅ ပွဲသရေကျထားခဲ့ကာ သူတို့အသင်းအနေနဲ့ ၅ နှစ်အတွင်းအမြင့်ဆုံးချန်ပီယံဆုရယူနိုင်ရေးအတွက်ရှေ့ဆက်လုပ်ဆောင်ဖို့အိမ်ကွင်းမှာမာကျောမှုရှိအောင်ကစားပုံဆက်ထိန်းသွားနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
