ကိုဗစ်-၁၉ ချေးငွေများကို အတိုး၊ အရင်း လုံးဝမပေးသည့် ကုမ္ပဏီ ၅၀၀ နီးပါးရှိနေ

ဖေဖော်ဝါရီ ၂၆

ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ချေးထားသည့် ချေးငွေများကို အတိုး၊ အရင်းလုံးဝမပေးသည့် ကုမ္ပဏီ ၅၀၀ နီးပါးရှိနေကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေး ကြေညာထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက် တမ်း ၁ နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ပြီး ချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက် ကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကုမ္ပဏီ၊ လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ပြီးခဲ့သည့် ဇွန်လ ၆ ရက်တွင်အသိပေး ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက် ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်း တို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ‌ကော်မတီအနေဖြင့် နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း (၄၈၆)ခုအား ကုမ္ပဏီ၊ လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာအပြည်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း အဆိုပါကော်မတီက အသိပေးထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image