နှစ်ထပ်အုန်းနို့ကျောက်ကျော လုပ်နည်း
ပါဝင်ပစ္စည်း
-ကျောက်ကျောမှုန့် ၁ထုပ်( 25g)
-သကြား ၂၅ကျပ်သား
-ရေ 1လီတာ(ရေသန့်ဘူးတစ်ဘူး)
-အုန်းနို့ 500ml(ရေသန့်ဘူးတစ်ဝက်)
(ရယ်ဒီမိတ်အုန်းနို့ဗူးကိုမသုံးပဲ
အုန်းသီးကို အသုံးပြုမယ်ဆိုရင် အုန်းသီး2လုံးခန့် ခြစ်ပြီးခပ်ပျစ်ပျစ်လေး ညှစ်ပြီးထည့်လို့ရပါတယ်ရှင့်)
-ဆား အနည်းငယ်
-ပထမဆုံးကျိုမည့်အိုးထဲသို့ သကြား ရေသန့် ကျောက်ကျောမှူန့် ဆားတို့ ထည့်ပြီး အရင်မွှေပါ
-ပြီးရင် မီး‌ဖိုပေါ်မှာဆူပွက်လာသည်အထိ ဆက်တိုက်မွှေပေးပါ
(ခန့်မှန်း ၁၅/၂၀မိနစ်)
-ဆူပွက်လာပြီဆိုမှ အုန်းနို့ထည့်ပါ
အုန်းနို့ထည့်ပြီး(၅မိနစ်/၁၀မိနစ်အကြာ) ဆူလာပြီဆို မီးဖို့ပေါ်ကချပြီး ကျောက်ကျောလုပ်မယ့်ဗန်းထဲသို့လောင်းထည့်ပြီး အအေးခံပါ။
🙅(မခဲမချင်းကျောက်ကျောဗန်းကိုလုံးဝနေရာမရွေ့ရဘူးနော်)
-၂/၃နာရီလောက်အ‌အေးခံပြီးရင်တော့ နှစ်ထပ်အုန်းနို့ကျောက်ကျောလေးရပါပြီနော်

image