8 ပတ် - ဘာသာပြန်ပါ။

နော်ဝေး ဟာ လောင်စာဆီ ကား လုံးဝ မသုံးတဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ ဖြစ်လာနိုင်
=============================================
နော်ဝေးဟာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေပြီး ၂၀၃၀ ခုနှစ်မှာ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ၅၅ ရာခိုင်နှုန်းကို လျှော့ချဖို့ ရည်မှန်းထားပါတယ်။ အဲဒီအတွက် လျှပ်စစ်ကားတွေကို ပိုမို ဝယ်ယူအောင် ပံ့ပိုးပေးနေပြီး အခွန်နဲ့ ဈေးနှုန်း လျှော့ချပေးနေပါတယ်။
နော်ဝေး ဟာ စက်တင်ဘာလမှာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ လောင်စာဆီ ကားထက် လျှပ်စစ်ကား ပိုများတဲ့ နိုင်ငံဖြစ်လာပါတယ်။ နော်ဝေးမှာ မှတ်ပုံတင်ထားတဲ့ ကား ၂.၈ သန်း ရှိပြီး လျှပ်စစ်ကားက ၇၅၄,၃၀၃ စီးနဲ့ လောင်စာဆီကား ၇၅၃,၉၀၅ စီး ဖြစ်ပါတယ်။ နော်ဝေးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရောင်းချခဲ့တဲ့ ကား စုစုပေါင်းရဲ့ ၉၄ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။
နော်ဝေးဟာ လောင်စာဆီ ကားတွေ လုံးဝ မသုံးတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာနိုင်တယ်လို့ Bloomberg က ခန့်မှန်းတွက်ချက်ထားပါတယ်။ နော်ဝေး ဟာ ရာသီဥတု အလွန်အေးတဲ့အတွက် လျှပ်စစ်ကားတွေနဲ့ အဆင်မပြေခဲ့ပေမယ့် အခုတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်

image