မြန်မာတွေအတွက် DV ပေါက်ပြီး အမေရိကန်ရောက်ဖို့ အိမ်မက် ပျောက်ဆုံးတော့မည်လော
ဒေါ်လာ ၅ သန်းပေးရင် ဘယ်သူမဆို အမေရိကန်နိုင်ငံသားရမယ်လို့ သမ္မတထရမ့်က ပြောလိုက်ပါတယ်။ ရုရှားက ရေနံသူဌေးတွေလဲ ဒေါ်လာ ၅ သန်းပေးရင် အမေရိကန်နိုင်ငံသားဖြစ်လာမယ်လို့ သူက ဆိုပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက လူတွေကို ခေါ်ယူပြီးနေရာချထားပေးတဲ့ DV လိုအရာမျိုးတွေကိုတော့ ပယ်ဖျက်သွားမယ်လို့ ဆိုပါတယ်။ လွှတ်တော်က မတုံ့ပြန်နိုင်ရင်တော့ အတည်ဖြစ်သွားတော့မှာပါ။
အမေရိကန်ရဲ့ အခြေခံမူတွေဖြစ်တဲ့ စာနာမှု၊ ညှာတာမှူနဲ့ အမေရိကန်မှာ အိပ်မက်အသစ်ရှာဖွေခွင့်တွေဟာ ထရမ့် လက်ထက်မှာတော့ ပျောက်ဆုံးသွားရပြီ ဖြစ်ပါတယ်။ အရာရာကို ငွေနဲ့ပဲ ဆုံးဖြတ်တော့မှာပဲ ဖြစ်ပါတယ်။
