8 ပတ် - ဘာသာပြန်ပါ။

အဂ်လန်ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနွေရာသီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်မှာကနေဒါလက်ရွေးစင်တိုက်စစ်မှူး ဂျော်နသန် ဒေးဗစ်ကိုအသင်းဆီအမှန်တကယ်ခေါ်ယူချင်နေတယ်လို့ စပိန်အားကစားသတင်းဆိုင်ရာFichajes သတင်းကဖော်ပြခဲ့ပါတယ်။

ရာမို့စ်ဟော်ဂျ်လန်း(၂ဂိုး)နဲ့ဂျိုချူဝါဇာလ်ချီ(၃ဂိုး) တို့ဟာပရီးမီးယားလိဂ်မှာစုစုပေါင်း ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက်မှာတော့ ဂိုးသွင်းအဆုံးသတ်ပိုင်းဖြေရှင်းဖို့အတွက်တိုက်စစ်မှူးခေါ်ယူချင်နေပါတယ်။အသင်းတသင်းလုံးအနေနဲ့လည်း ပွဲပေါင်း ၂၆ ပွဲပါဝင်ကစားထားရာမှာ ဂိုး ၃၀ သာသွင်းယူထားနိုင်ခဲ့ကာသရဲနီအသင်းအနေနဲ့ လက်ရှိမှာရမှတ် ၃၀ တည်းနဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်အနေနဲ့နောက်ဆုံးမှာတော့ ဂျိုနသန်ဒေးဗစ်ကိုအသင်းဆီခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့နောက်ဆုံးရသတင်းအရင်းအမြစ်တွေကဖော်ပြလာခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဗဟိုတိုက်စစ်နေရာမှာရော နောက်ချန်တိုက်စစ်နေရာမှာပါကစားနိုင်ပြီး ဒီရာသီကုန်ပြီးနောက်မှာတော့လက်ရှိကလပ်လိုင်လီအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

ဒါကြောင့်မန်ယူအသင်းအနေနဲ့ ဂျိုနသန်ဒေးဗစ်ကို ကျေနပ်စရာလုပ်ခလစာနဲ့ကမ်းလှမ်းခဲ့မယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့အသင်းဆီခေါ်ယူဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ဒီရာသီကာလမှာတော့ကာယကံရှင်အနေနဲ့ ကစားပုံအားကောင်းနေတဲ့ကာလမှာရှိနေပြီး ပြိုင်ပွဲစုံ ၃၆ ပွဲပါဝင်ကစားထားရာမှာ ဂိုး ၂၀ သွင်းယူထားကာ ၉ ဂိုးဖန်တီးနိုင်ခဲ့ပြီး လိုင်လီအသင်းကိုဥရောပချန်ပီယံ ၁၆ သင်းရှုံးထွက်အဆင့်ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ ဂျိုနသန်ဒေးဗစ်ကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေပေမဲ့လည်းမန်ယူအသင်းက အသင်းဆီခေါ်ယူဖို့အခွင့်အရေးပိုများနေတယ်လို့ယူဆရတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image