မြဝတီမြို့၌ (၂၆) ရက်အတွင်း ကျားဖျန့်လိမ်လည်မှုကျူးလွန်သူ ပြည်ပနိုင်ငံသား (၂,၅၃၈)ကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့
ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့ ၌ ရက်ပေါင်း(၂၆)ရက်အတွင်း ကျားဖျန့်လိမ်လည်မှုကိစ္စရပ်များ လုပ်ဆောင်ရန် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၂,၅၃၈)ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၂၅ ရက်)က ပြည်ပနိုင်ငံသား (၁၆၈) ဦးကို ထပ်မံထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်(ဇန်နဝါရီလ ၃၀ ရက်)မှ (ဖေဖော်ဝါရီ ၂၅ ရက်)အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၂,၅၃၈) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့အနက်မှ (၆၇၃) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၈၆၅) ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
