8 ပတ် - ဘာသာပြန်ပါ။

ထိုင်းမှာ လေ့လာရေးဘတ်စ်ကားတစီး တိမ်းမှောက်လို့ ၁၈ ယောက်သေဆုံး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆

ထိုင်းနိုင်ငံ ပရာချင်ဘူရီခရိုင်မှာ ဘတ်စ်ကားတစီး တိမ်းမှောက်မှုကြောင့် လူ ၁၈ ယောက် သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောပါတယ်။

ကုန်းဆင်းလမ်းမနေရာတခုမှာ ဘတ်စ်ကားဟာ ဘရိတ်မမိတော့ဘဲ တိမ်းမှောက်ခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ သေဆုံးသူတွေဟာ လေ့လာရေးခရီးထွက်လာကြတာလို့ ရဲမှူးကြီး ဆိုဖွန်ဖရာမာနီးကပြောပါတယ်။

လေ့လာရေးခရီးစဉ်မှာ လူပေါင်း ၁၂၀ ကျော်လောက်ပါဝင်ပြီး ဘတ်စ်ကားသုံးစီးနဲ့ ခရီးထွက်လာတာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၂၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ရာနေရာဟာ မြို့တော်ဘန်ကောက်ကနေ ၉၆ မိုင်ကွာဝေးပြီး ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာက ညွှန်ကြားထားပါတယ်။ ကြံ့ခိုင်မှုမရှိတဲ့ ယာဉ်အသုံးပြုမှုနဲ့ မဆင်မခြင်မောင်းနှင်ရင် ဥပဒေအရ အရေးယူမယ်လို့ ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ လိုက်နာမှုအားနည်းခြင်း၊ လမ်ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းတို့ကြောင်း ထိုင်းနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၇၅ နိုင်ငံအနက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုအဆင့် ၉ နေရာမှာရှိတယ်လို့ ၂၀၂၃ ခုနှစ် အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဓါတ်ငွေ့ယိုစိမ့်ပြီး ကျောင်းဘတ်စ်ကားတစ်စီး မီးလောင်မှုကြောင့် ကျောင်းသားကလေးငယ် ၁၆ ယောက်အပါအဝင် လူ ၂၃ ယောက် သေဆုံးခဲ့ပါတယ်။

Ref:Reuters
Photo:Getty Images

#centralnewsnaypyitaw

image