8 ပတ် - ဘာသာပြန်ပါ။

မန်ချက်စတာစီးတိးအသင်းနည်းပြပပ်ဂွာဒီယိုလာက အသင်းမှာခြေစွမ်းပြကစားနေတဲ့တိုက်စစ်မှူးအဲလင်ဟာလန်းအနေနဲ့ ဒဏ်ရာပြသနာရှိနေခဲ့ပြီးနောက်မှာတော့ နောက်တကြိမ်ပြန်လာကစားနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူးအဲလင်ဟာလန်းဟာပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်တုန်းက ဒူးခေါင်းတဝိုက်မှာဒဏ်ရာရလာခဲ့ပြီးနောက် နောက်ဆုံး ၂ ပွဲဆက်နာမည်စာရင်းမပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲလင်ဟာလန်းရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးပပ်ဂွာဒီယိုလာအနေနဲ့စိုးရိမ်မှုတစုံတရာမရှိပေမဲ့ သူ့အနေနဲ့ဟာလန်းဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာသေချာမသိသေးဘူးလို့ဝန်ခံပြောဆိုလာခဲ့ပါတယ်။

အဲလင်ဟာလန်းအနေနဲ့ ဒဏ်ရာမရှိတော့ပုံပါပဲ့။ဘာလို့လဲဆိုတော့စကင်ဖတ်စစ်ဆေးမှုအရတော့ ကောင်းမွန်ပေမဲ့ သူ့အနေနဲ့ သိပ်အများကြီးတော့ကောင်းမွန်မှုမရှိသေးပါဘူး။

သူ့အနေနဲ့ သိပ်မကြာခင်မြန်မြန်ပြန်လာနိုင်မယ်လို့ကျနော်ခံစားရပါတယ်။ဘာလို့လဲဆိုတော့သူ့အနေနဲ့မနေ့တုန်းကလေ့ကျင့်ရေးဆင်းဖို့အဆင်သင့်ဖြစ်နေပြီး ခန္ဓာကိုယ်လှုပ်ရှားမှုအရမ်းကောင်းမွန်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့အဆင်သင့်မဖြစ်သေးဘူးလို့ပြောလာခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကိုငါတို့လေးစားရပါမယ်။

သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့မှာစပါးအသင်းနဲ့ကစားရမဲ့ပွဲစဉ်အတွက်ပွဲထွက်ကစားလာလိမ့်မယ်ဆိုတာမျှော်လင့်ရတယ်လို့ ဂွာဒီယိုလာကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image