8 ပတ် - ဘာသာပြန်ပါ။

လူတွေမှာ Default Mode တွေဆိုတာရှိတယ်

စိတ်လှုပ်ရှားရင်လုပ်တတ်တဲ့
Default အမူအကျင့်

လိမ်ရင် လုပ်တဲ့ Default အမူအကျင့်
ပျင်းရင်လုပ်တတ်တဲ့ Default အမူအကျင့်
လေးတွေဆိုတာရှိတယ်

တစ်ယောက်နဲ့တစ်ယောက်မတူပေမယ့်
သတိထားကြည့်ရင် သိသာတယ်

လိမ်ရင် မျက်စိပိုပြူလာတဲ့သူ
လက်ကိုဖွက်လိုက်တဲ့သူ
လက်သဲကိုက်တဲ့သူ
မျက်တောင်ခတ်တာမြန်တဲ့သူ တွေတွေ့ဖူးတယ်

ပျင်းရင်လုပ်တဲ့ Default Mode ကြတော့တူကြတယ်
တခြားမဟုတ်ဘူး ဖုန်းပွတ်တာ

ဒါကြီးက ကိုယ့်ကိုယ်ကိုမသိပေမယ့်
ဖုန်းပွတ်နေရရင်အပျင်းပြေတယ်ဆိုတာ
ဦးနှောက်ကမှတ်သွားတာ

ကောင်းတာကတော့ အဲ့ Default mode တွေက
ပြန်ပြီး program ရေးလိုရတယ်

ဗုဒ္ဓဘာသာမှာတော့ သတိလေးကပ်ပြီး
ကိုယ့်ကိုယ်ကိုစမ်းစစ်ဖို ပြောတယ်

Behavioral science မှာတော့
တခြားတစ်ခုနဲ့ အစားထိုးဖိုပြောတယ်

ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အရေးကြီးတာ
မကောင်းဘူး အကျိူးမရှိဘူးဆိုရင်
လူဆိုတာပြောင်းလဲယူလိုရတယ်

ရလဒ်ကောင်းတွေအတွက်
အလေ့အကျင့်ကောင်းတွေလိုတယ် 🫰🏻

Reprogram yourself

#crd
#moti