အခန်းထဲ ပိုစတာတွေကပ်၊ ဖုန်း၊ laptop တို့မှာ ကားပုံတွေ wallpaper ထားကြတဲ့ ကားရူးတွေကနေစပြီး ဒိတ်ဒိတ်ကြဲ ကားဒီဇိုင်နာတွေအထိ ကိုယ်စီ ကိုယ်စီမှာ အကြိုက်ဆုံး၊ ရင်ထဲအရောက်ဆုံး ကားတစ်စီးစီးတော့ ရှိကြစမြဲပါ ကျွန်တော်ဖြတ်သန်းလာခဲ့တဲ့ era မှာဆိုရင် Aventador LP700-4 ၊ Ehra Lessien က Bugatti Veyron Supersport နဲ့ R35 တို့က မှတ်မှတ်ရရရှိနေခဲ့တဲ့ ကားတွေပေါ့
Aventador vs 458 ၊ Supra vs GTR ၊ Mercedes vs BMW ၊ Camaro vs Mustang ဘယ်လိုပဲ အကြိုက်တွေကွဲပြားနေပါစေ အားလုံး ငြင်းခုန်တာတွေရပ်ပြီး တစ်စုတစ်စည်းတည်း လာဆုံစည်းကြရတဲ့ ကားကတော့ Porsche ရဲ့ Iconic 911 ပါပဲ
Porsche ရဲ့တည်ထောင်သူ Ferdinand Porsche ရဲ့ မြေးဖြစ်သူ Ferdinand Alexder Porsche ကပထမဆုံး 901 မော်ဒယ်ကို စတင်ဖန်တီးခဲ့တဲ့အချိန် 1964 ကစလို့ အခုချိန်ထိ Revolution မဟုတ်ပဲ Evolution ဆိုတဲ့ သဘောတရားနဲ့ ဖြည်းဖြည်းချင်းစီသာ ပြောင်းလဲလာခဲ့ကြတာဖြစ်ပါတယ်
စာရွက်ပေါ်မှာ Headlight အဝိုင်းတစ်စုံနဲ့ သူ့ရဲ့အထင်ကရ ဘော်ဒီအချိုးအစားကိုပဲ အကြမ်းခြစ်လိုက်ရင်တောင်မှ Porsche ဆိုတာကို တန်းသိရလောက်တဲ့အထိ Iconic ဖြစ်တာ 911 မှတစ်ပါး အခြားမရှိပါဘူး Targa, Convertibles, Speedster, Coupe, GT RS Bodystyle မျိုးစုံနဲ့ လိုက်ဖက်နေတဲ့ Signature Silhoutte ကလည်း ကြည့်လေ ပိုပြီးဆွဲဆောင်မှုရှိလာလေပါပဲ
အရိုးဆုံးသည်သာ အဆန်းဆုံးဆိုတဲ့ စကားကို အကောင်းဆုံးဖော်ပြနိုင်တဲ့ကားတစ်စီးကိုပြပါဆိုရင် 911 ကိုပဲပြပါမယ်
Design ကိုပဲ အမွှန်းတင်စရာရှိတာလားဆိုတော့ သူ့ရဲ့ Naturally Aspirated High Revving Rear Mounted Flat six အင်ဂျင်တွေကလည်း အကောင်းဆုံးဖန်တီးမှု Masterpiece တစ်ခုဖြစ်သလို နှစ်ပေါင်းခုနှစ်ဆယ်နီးပါးအထိ အကောင်းဆုံး sports car ဆိုတဲ့ ဂုဏ်ကို ထိန်းထားနိုင်တဲ့ Legacy ကိုလည်း ယှဉ်နိုင်တဲ့သူ ခပ်ရှားရှားပါပဲခင်ဗျား
