Samsung ရဲ့ ဇူလိုင်လမှာ မိတ်ဆက်လာမယ့် Galaxy Z Fold7 ရဲ့ ဒီဇိုင်းပုံတွေကို Onleaks က ထုတ်ပြလာပါတယ်။
မနှစ်က Fold6 ထက် ပိုပါးသွားမယ်လို့သိရပြီး ဖြန့်ထားချိန်မှာ 4.5mm ပဲ ရှိမယ်လို့ သိရပါတယ်။ အပြင်ဘက်မျက်နှာပြင် ပိုကျယ်လာမယ်လို့ မျှော်လင့်ရပြီး Snapdragon 8 Elite နဲ့ 4400 mAh ဘက်ထရီ ပါလာမှာပါ။
