တရားမဝင် တံဆိပ်တုံးအတုအပ အသုံးပြုနေသူများကို ထိရောက်စွာ အရေးယူရန် ကိုရီးယားအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ကိုရီးယားရောက် မြန်မာများကို သံရုံးအသိပေးထုတ်ပြန်
ဖေဖော်ဝါရီ ၂၆
တရားမဝင် တံဆိပ်တုံးအတုအပ အသုံးပြုနေသူများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ကိုရီးယားအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုးလ်မြို့ရှိကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီ ၂၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အလားတူ ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များကို တရားဝင်သော နည်းလမ်းဖြင့်သာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ကြရန် အရေးကြီးကြောင်းနှင့် မလိုလားအပ်သော အခက်အခဲများ မဖြစ်ပေါ်စေရေးနှင့် ဥပဒေအရ အရေးယူခံရခြင်း မဖြစ်ပေါ်စေရေးတို့အတွက် သတိပြုလိုက်နာဆောင်ရွက်ရန်လည်း အသိပေးကြေညာထားသည်။
#centralnewsnaypyitaw
