24 w - Translate

Google Map ကနေတဆင့် အနီးဆုံး EV Charging Stations တွေကို ရှာနိုင်တော့မယ်...

Google မှ ၄င်းရဲ့ Google Map ကို AI Feature တွေဖြင့် Upgrade လုပ်ထားတယ်လို့ ပြောလာပါတယ်။ Google Map အသစ်မှာ အသုံးပြုနိုင်မယ့် အဆင့်မြင့် Feature တွေထဲက တစ်ခုကတော့ လက်ရှိမှာအတော်လေးကို လူစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။

အဲ့တာကတော့ Google Map ကနေတဆင့် အနီးဆုံး EV Charging Stations တွေကို ရှာနိုင်တော့မယ်ဆိုတဲ့ အချက်ပါ။

ဒီလုပ်ဆောင်ချက်မှာဆိုရင် EV ကားမောင်းသူများအတွက် ရှည်လျားတဲ့ခရီး မောင်းနှင်တဲ့အခါ အားကုန်ခါနီးအချိန်တွေမှာ အားနည်းတဲ့အချိန်တွေမှာ အမြန်ဆုံးအားသွင်းနိုင်ရန်အတွက် အနီးဆုံးမှာရှိတဲ့ Charging Stations များကို Google Map မှာ အတိအကျပြသပေးသွားမှာဖြစ်ပါတယ်။ မိမိသွားမယ့် လမ်းခရီးတစ်လျှောက် ရှိနိုင်မယ့် Charging Staations တွေရဲ့ တည်နေရာကို ကြိုတင်သိနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် google.com/travel မှလည်း EV Charging Support ပေးနိုင်တဲ့ ဟော်တယ်များကို ရှာဖွေနိုင်ပါတယ်။

ဒါ့အပြင် အသုံးပြုပြီးသူများက Review များနှင့် Rating များလည်း ပေးနိုင်တဲ့အတွက် နောက်ထပ်အသုံးပြုသူတွေဟာ တည်နေရာ၊ အားသွင်းကြာချိန်၊ အသုံးပြုပုံ စသဖြင့် feedback နဲ့ Info တွေကိုလည်း တွေ့နိုင်ဦးမှာပါ။

Google အနေနဲ့ ဒီလုပ်ဆောင်ချက်ကို မေလထဲမှာ စတင်ထည့်သွင်းသွားမှာဖြစ်ပြီး Google Built in အသုံးပြုနိုင်မယ့် EV ကားတွေမှာ ပထမဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

image