ချစ်တာ နဲ့ သံယောဇဉ် ရှိတာ မတူဘူး။
ချစ်တယ်ဆိုတာ
တစ်ခဏလေး တွေ့လိုက်ချိန် အတွင်းမှာပဲ
လူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်။
ဒီနေ့
ချစ်မိနေပြီးမနက်ဖြန်မှာ ချက်ချင်းပဲ
မချစ်နိုင်တော့တာလဲ ဖြစ်နိုင်တယ်။
"သံယောဇဉ်" ဆိုတာ က
ချစ်တယ် ဆိုတာထက် ပိုလေးနက်တယ်။
တည်ဆောက်ရတဲ့ ကာလကလည်း
ကြာတယ်.........
လူနှစ်ယောက် မချစ်ပဲ နဲ့ လည်း
သံယောဇဉ်ကြောင့်
လက်ထပ် သွားကြ တာလည်း ရှိတယ်။
သံယောဇဉ်က
"ချစ်တယ်" ဆိုတာ လိုမျိုး
အပြောင်းအလဲ မရှိဘူး။
ဒီနေ့ "သံယောဇဉ်" ရှိလည်း
နောက်နေ့..... နောက် နေ့ပေါင်းများစွာလည်း
ရှိမှာပဲ။
မုန်းနေရင်တောင်
"သံယောဇဉ်" ကြောင့်စိတ်ထဲ တွေးမိ ပြီး
သတိရနေ မှာပဲ။
အဲ့တော့
တစ်ယောက်နဲ့ တစ်ယောက်
ချစ်တာ အပြင်သံယောဇဉ် ရှိသွားရင်
ဘယ်သူ ဖြတ်ဖြတ် မပြတ်ကြတာ များတယ်။
ပြတ်သွားခဲ့ သည်ရှိတောင်
တစ်ယောက်နဲ့ တစ်ယောက်
သေရာပါ မမေ့နိုင်ကြတာ များတယ်။
"သံယောဇဉ်" ဆိုတာက "ချစ်တယ်"
ဆိုတာထက် ပိုလေးနက်သလို
ပိုပြီးလည်း ဖြတ်တောက်ရ ခက်တဲ့ ကြိုးပါ.။
ကျွန်တော်ကတော့
လူတစ်ယောက်ကို
"သံယောဇဉ်" အပြင် " ချစ်တယ်" ဆိုတာထက်
ပိုပြီး ချစ်တတ်တဲ့ လူအမျိုးအစား ထဲမှာပါတော့
ခံစားရရင်လည်း
သူများထက် ၃ ဆလောက်ပိုတယ်။...