8 ပတ် - ဘာသာပြန်ပါ။

အိမ်မှာနေရင်း...
ဒါန တွေပြုနေရင်
မိမိတို့အိမ်ဟာ
အလှူပေးနေတဲ့ဌာနကြီးဖြစ်တယ်။
ဒါနရဲ့အသံကို
နတ်ပြည် (၆) ထပ်က ကြားရတယ်။
အိမ်မှာနေရင်း...
သီလ တွေဆောက်တည်နေရင်
မိမိတို့အိမ်ဟာ
ကျောင်းကန်ဘုရားဖြစ်တယ်။
သီလရဲ့အသံကို
ဗြဟ္မာ့ဘုံ (၂၀) က ကြားရတယ်။
အိမ်မှာနေရင်း...
ဘာဝနာ တွေပွားများနေရင်
မိမိတို့အိမ်ဟာ
ရိပ်သာတစ်ခုဖြစ်တယ်။
ဘာဝနာရဲ့အသံကို
နိဗ္ဗာန်အထိတိုင် ကြားရတယ်။
သတိထားရမှာက...
မကောင်းမှုအကုသိုလ်တွေရဲ့အသံကို
အပါယ်လေးဘုံက ကြားနေရတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး

image