စိတ်တိုတဲ့အချိန် “စိတ်ကိုဘယ်လိုထိန်မလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~
☸️အနီးဆုံးလူရဲ့အကြောင်းကို
ကောင်းကောင်း သိမြင်ပြီး
ကိုင်တွယ်ဖြေရှင်းတတ်ဖို့
အရေးကြီးတယ်နော်။
☸️စိတ်တိုပြီဆိုရင်
ကိုယ်နဲ့ ဆက်ဆံနေရတဲ့
သူတွေကြောင့်ပဲ
စိတ်တိုရတာ များပါတယ်။
☸️အကြောင်းစုံလို့
ဘဝတစ်ခုမှာ
ခုလိုဆုံတွေ့ကြရတာပါ
ကြုံလာ ဆုံလာကြတဲ့ချိန်မှာ
မေတ္တာတရားထားနိူင်ဖို့
အလွန်အရေးကြီးတယ်။
☸️ဒါပေမယ့် တွေ့လာတာက
ကြာလှပြီဆိုတော့လည်း
အနီးကပ်ပေါင်းမိမှ
အကြောင်းတွေကလည်း
သိလာပြီဆိုတော့
သည်းခံနိူင်စွမ်းကလည်း
တဖြည်းဖြည်း
ကုန်လာသလားတော့ မသိဘူး။
☸️ပန်းချီကားတစ်ချပ်ကို
အဝေးကလှမ်းကြည့်ရင်တော့
တော်တော်ကြည့်ကောင်းတာပဲ။
အနားနား ကပ်ကြည့်တော့မှ
စုတ်ချက်တွေက
တော်တော်ကြမ်းနေတာကို
တွေ့ရတယ် ။
☸️တွေ့ပါ, မြင်ပါ, ကြုံပါ
များလာတော့လည်းပဲ
ချို့ယွင်းချက်တွေကို
မြင်တတ်လာတာပေါ့။
☸️ဘာပဲဖြစ်ဖြစ်
အဆင်ပြေအောင်တော့
နေတတ်ရမှာပဲလေ ။
☸️သူ , မကောင်းတာကို
ကောင်းတယ်လို့
မြင်ရမှာတော့ မဟုတ်ဘူး ။
သူမကောင်းတာကို
နားလည်ပေး, ခွင့်လွှတ်ပေးဖို့ လိုတယ် ။
မကောင်းဘူးဆိုတာ
သိလျက်နဲ့ မမုန်းဘူးပေါ့။
လွယ်တော့ မလွယ်လှဘူးနော် ဟုတ်လား၊ ဒါပေမယ့် ကြိုးစားရမှာပေါ့လေ ။
🪷မြတ်ဗုဒ္ဓ၏တရားတော်တည်းဟူသောရေအေး ရင်ဝယ်ရောက်၍ ပတ္တမြလှိုင်ဂူပမာ အေးမြသောစိတ်နှလုံးရှိကြပါစေ နိဗ္ဗာန်သုခကိုလည်းစံစားနိုင်ပါစေ

image