8 ပတ် - ဘာသာပြန်ပါ။

ဘရာဇီးအသင်းမှာ ပြန်ကစားရတော့မယ့် နေမာ
ဘရာဇီးကလပ် ဆန်းတိုစ့်အသင်းဆီ ပြန်လည်ပြောင်းရွှေ့အပြီးမှာ ပုံစံကောင်းတွေပြသနေတဲ့ ဘောလုံးစတားနေမာကို လာမယ့် မတ်လထဲမှာ ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ ဘရာဇီးအသင်းအတွက် ပြန်လည် ရွေးချယ်ခံရဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။
နေမာ ဟာ ဆန်းတိုစ့်အသင်းနဲ့ ၆ ပွဲ ကစားပြီးထားခဲ့ပြီး ၃ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးထားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ပွဲတုန်းကလည်း ထောင့်ကန်ဘောကနေတဆင့် လှလှပပ ဂိုးသွင်းယူပေးခဲ့တာပါ ။ နေမာကိုယ်တိုင်လည်း ဘရာဇီးအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့် ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ် ။

image