Boonie Bears : Back to Earth (2022)
ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ တရှုံနဲ့အော့ရှုံကာတွန်းဇာတ်လမ်းတွဲလေးရဲ့ အင်္ဂလိပ်စကားပြောကာတွန်းကားလေးထွက်ရှိလာပါပြီဗျာ။
တရှုံ၊ အော့ရှုံတို့ရဲ့ထုံးစံအတိုင်း အလွဲလေးတွေ၊ ဟာသလေးတွေ၊ ပညာပေးလေးတွေရောသမမွှေထားတာမို့ ကြည့်ကောင်းတဲ့ကာတွန်းလေးဖြစ်နေဦးမှာပါပဲနော်။
ဘိုဆန်ဆန် ဘရမ်ဘဲလ်နဲ့ဘရိုင်ရာဆိုပြီး နာမည်ပြောင်းပေးထားတဲ့ချစ်စရာဝက်ဝံတို့ရဲ့ တောအုပ်ထဲကို ကောင်းကင်ပေါ်ကနေ သတ္တုကုဗတုံးလေးတစ်တုံး ကျရောက်လာyခဲ့ပါတယ်။
အဲ့ဒီကုဗတုံးလေးရဲ့ ပင်မစွမ်းအားက စိတ်ထားအရမ်းကောင်းပြီး နူးညံ့တဲ့ဘရမ်ဘဲလ်ရဲ့ဦးနှောက်နဲ့ပေါင်းစည်းသွားပါတော့တယ်။
ကုဗတုံးလေးက ရွိုင်တန်လို့ခေါ်တဲ့ကြောင်မျိုးနွယ်စုစီးလာတဲ့ အာကာသယာဉ်ကိုရှာပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်နေလေတော့...
အစားစားဖို့ပဲဆန္ဒရှိနေတဲ့ဘရမ်ဘဲလ်တစ်ယောက် အာကာသယာဉ်အုပ်စုတွေရော၊ ဂြိုလ်သားတွေရောနဲ့ ရင်ဆိုင်ရတဲ့အခါ
ဘယ်လိုတွေတိုင်ပတ်ဦးမလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော် ။
💦🦢 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🦢💦 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1494
