John Wick ဒါရိုက်တာ ပြန်ရိုက်မယ့် SIFU
Netflix က အခုဆိုရင် Amazon Prime က ရိုက်ထားတဲ့ Secret Level ထဲက SIFU Game ဇာတ်လမ်းကို ဇာတ်လမ်းရှည်အနေနဲ့ ပြန်ရိုက်နေပြီလို့သိရပါတယ်။
SIFU ကိုတော့ JOHN WICK ရိုက်ခဲ့တဲ့ ဒါရိုက်တာ Chad Stahelski က ရိုက်ကူးသွားမှာဖြစ်ပြီး Netflix ကလည်း developing လုပ်နေတယ်လို့သိရပါတယ်။
ဇာတ်လမ်းကလည်း ကွိုင်လေးတွေကိုသုံးတိုင်း အသက်တစ်ချောင်းရလာပြီး အသက်ပိုကြီးလာတဲ့ပုံစံမျိုးကိုတော့ Secret Level မှာပြသွားပေမယ့် အခု ဇာတ်လမ်းရှည်မှာတော့ ကွိုင်တွေ အကြောင်းနဲ့ Shifu တို့ အကြောင်းကို အသေးစိတ်ရိုက်ပြမယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရိုက်ကူးနေပြီလို့သိရပေမယ့် ဘယ်တော့ကြည့်ရမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
