BRZ တို့ GR86 တို့ဆိုတာ စျေးချိုချို Affordable ဖြစ်ဖြစ်နဲ့ သိပ်ကိုမှပေါ့ပါးတဲ့ Lightweight Chassis ဒီဇိုင်းတို့ကြောင့် Driving Experience ပိုင်းမှာတော့ အတော့်ကို Engaging ဖြစ်တဲ့ကားတွေဗျ။ Smooth ဖြစ်ဖြစ်နဲ့ Predictable Power ကိုပေးစွမ်းနိုင်မယ့် ဒီကောင့်ရဲ့ NA အင်ဂျင်ကို Enthusiasts တွေ အရူးအမူးဖြစ်ရတဲ့ Manual Transmission နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အပြစ်ရယ်လို့ကို ပြောစရာမရှိတော့တာ အမှန်ပဲ။ ကျွန်တော် BRZ နဲ့ GR86 တို့ကို ဘာ့ကြောင့်သိပ်ကြိုက်ရလည်းဆိုတာ ဟိုးတုန်းကရေးခဲ့ဖူးတာမို့ ဒီလင့်ခ်ကတစ်ဆင့် သွားရောက်ဖတ်ရှုနိုင်ပါတယ်ဗျ။ 👉 https://rb.gy/54c5q3
ဆိုတော့ မကြာသေးခင်ကပဲ Subaru က 2025 မော်ဒယ် BRZ မှာရနိုင်မယ့် limited-edition တစ်ခုကို ချပြလာပါတယ်။ ပုံထဲမှာရေးထားတဲ့အတိုင်းပဲ ဒီ Special Edition ရဲ့ နာမည်ကို "Series.Purple" လို့ပေးထားပြီး အစီးရေ (၅၀၀) သာ ထုတ်လုပ်သွားမယ်လို့သိရတယ်ဗျ။ Purple ဆိုတဲ့အတိုင်းပဲ ဒီ Edition မှာ ခရမ်းရောင်တစ်မျိုးတည်းသာရမှာမို့ ခရမ်းမကြိုက်တဲ့ကျွန်တော်ကတော့ အတော်လေးစဥ်းစားယူရမယ်။ ဒါကလည်း တစ်ယောက်နဲ့တစ်ယောက် Personal Preference တွေ မတူနိုင်တာမို့ ကွဲပြားမှုလေးတွေတော့ ရှိနိုင်ပါတယ်။
Edition ဆိုတဲ့အတိုင်းပဲ ကားရဲ့အတွင်းခန်းထိုင်ခုံတွေမှာ Treatments အသစ်လေးတွေလုပ်ပေးထားပြီး အနီရောင် STI start button အပါအဝင် Aluminum နဲ့ ပြုလုပ်ပေးထားတဲ့ Shift Knob ကိုပါ တွေ့မြင်ရမှာပါ။ ဒါနဲ့ ကျွန်တော် STI လို့ ပြောလိုက်တယ်ဟုတ်?
ထုံးစံအတိုင်း ဒီကားမှာ 2.4L four-cyl အင်ဂျင်ကိုပဲသုံးပေးထားတယ်ဆိုပေမယ့် ဒီ Edition ရဲ့ ထူးခြားချက်က "STI short throw shifter" နဲ့ လာတာဗျ။ ရှင်းရှင်းလင်းလင်း မြင်သာအောင်ပြောရရင် BRZ ရဲ့ Manual Transmission ကို စွမ်းဆောင်ရည်ပိုကောင်းအောင်လုပ်ပေးထားတဲ့ Upgrade တစ်ခုပဲပေါ့။ "short throw shifter" ဆိုတဲ့အတိုင်းပဲ ဒီ Function က ဂီယာတစ်ချက်နဲ့တစ်ချက်ကြား Gear Lever ရွေ့လျားရမယ့် အကွာအဝေးကို ပိုတိုစေတာပါ။
အကျိုးရလဒ်ကတော့ ဂီယာအချိန်းအပြောင်းတွေမှာ ပိုမြန်မြန်နဲ့ ပိုတိကျမှာဖြစ်တာကြောင့် Driving Experience ကတော့ ကောင်းပြီးရင်း ကောင်းအုံးမှာပေါ့လေ။ MSRP ကလည်း $36,615 နဲ့ စမှာဆိုတော့ Limited Trim ထက် $1,700 ပဲ ပိုပါတယ်။ ဒါနဲ့ အခြား Trim Level တွေမှာ 6-Speed AT ကို Option အနေနဲ့ရနိုင်ပေမယ့် ဒီ Edition မှာတော့ Manual တစ်မျိုးတည်းသာ ရနိုင်ပါလိမ့်မယ်။
