8 w - Translate

ပထမံဆရာသိန်း စာအုပ်ကို ဖတ်ဖူးကြတဲ့သူတိုင်းက ဆရာကြီး ရွှေဥဒေါင်း ထွက်ရှိသမျှထဲမှာ အကြိုက်ဆုံးထဲက တစ်အုပ် ဖြစ်တယ်လို့ ဆိုကြတယ်။

ဒီစာအုပ်ရဲ့ ပထမပိုင်းမှာ ပထမံဆရာသိန်းဟာ ဂါထာမန္တရားအတတ် ၊ စိတ်ညှို့ခြင်းအတတ်၊ ရုပ်ပြောင်းရုပ်လွှဲအတတ်တို့ကို အသုံးချပြီး တိဗက်မှာရှိတဲ့ ပျောက်ကွယ်တိမ်မြုပ်နေတဲ့ အာတပ္ပနဗေဒင်ကျမ်းကို ယုံကြည်စိတ်ချရတဲ့ တပည့်တွေနဲ့ သွားရှာတဲ့ ဇာတ်လမ်းလေးဖြစ်တယ်။

ဒုတိယပိုင်းမှာတော့ အာတပ္ပနဗေဒင်ကျမ်းကိုရဖို့ တရားသည် မတရားသည် မစဉ်းစားတော့ဘဲ အားထုတ် လုံ့လပြုခဲ့တဲ့ မကောင်းမှုကံရဲ့ အကျိုးဆက်ကို သူပြန်ခံရတော့မယ့် အကြောင်းဖြစ်တယ်။

စွန့်စွန့်စားစား ခရီးကြမ်းတွေ ၊ ဂမ္ဘီရအကြောင်းတွေ ၊ ထူးထူးခြားခြား ဖြစ်ရပ်ဆန်းတွေကို ကြိုက်နှစ်သက်သူတွေကတော့ လက်ကမချချင်တမ်း ဖတ်ဖြစ်သွားစေမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။

#ပထမံဆရာသိန်း
#ရွှေဥဒေါင်း

image