အခုနောက်ဆုံးထွက်လာတဲ့သတင်းတွေအရ Apple ကနေ လာမယ့် စက်တင်ဘာလမှာ iPhone 17 Series ဖုန်းတွေနဲ့အတူ AirPods Pro 3 (3rd Gen) ကိုပါ တွဲပြီး မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အဓိကပြောင်းလဲမယ့်အချက်တွေကို သိလာရပါပြီ။
ဒီနှစ်မှာ AirPods Pro 3 ဟာ -
- Design အသစ်ဖြစ်မယ်၊ Size ပိုသေးသွားမယ်
- H3 Chip အသစ်ကို ပထမဆုံးအသုံးပြုလာမယ်
- ANC (Noise Cancelling) ပိုင်း သိသိသာသာ ပို Upgrade လုပ်ထားမယ်
- Location Tracking (Find My) က ပို Improve ဖြစ်လာမယ် (AirTag 2 အတိုင်း ပို Upgrade ဖြစ်မယ့်ပုံပဲ)
- Health Feature တွေ - Heart Rate Tracking နဲ့ Temperature Tracking (အပူချိန်တိုင်းတာခြင်း) တွေပါလာမယ်
- Water Resistance ပိုကောင်းလာမယ်။
ဆိုတော့ Audio ပိုင်းပါ ပိုကောင်းမယ်ဆိုရင် ဒီနှစ် AirPods Pro 3 ကလည်း ကျိန်းသေ Apple iPhone နဲ့တွဲသုံးဖို့ အကောင်းဆုံး Earbuds ဖြစ်နေဦးမှာပါ။
