8 w - Translate

တစ်ခုကောင်းတာက Global စျေးမတက်ပါဘူး
(€1,499 ဖြစ်နေတာလေးပဲ 🫠)
.
Xiaomi ကနေ လာမယ့် မတ်လ (၂) ရက်နေ့ MWC 2025 Event မှာ Xiaomi 15 Ultra ဖုန်းကို Global အနေနဲ့ မိတ်ဆက်သွားမှာပါ။ အဲ့ထက် အရင် သဘက်ခါ - ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ တရုတ်နိုင်ငံစျေးကွက်မှာ မိတ်ဆက်မှာဖြစ်ပါတယ်။

Xiaomi ရဲ့ CEO - Lei Jun ကနေ အစောပိုင်းတုန်းက Xiaomi 15 Ultra ဖုန်းဟာ Qualcomm Snapdragon 8 Elite Processor တွေ၊ တခြား Camera ပိုင်းတွေမှာ 1" Main Sensor ဆက်သုံးတာမျိုး၊ Samsung HP9 200MP Periscope Sensor တွေလိုမျိုး Camera Hardware အကောင်းတွေ သုံးရတာကြောင့် အရင်ထက် စျေးပိုတက်နိုင်တယ်ဆိုပြီး ပြောခဲ့ဖူးတယ်။

ဆိုတော့ Xiaomi 15 Ultra က ဒီနှစ်အတွက် Camera အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပေမယ့် စျေးအရလည်း ပိုများလာနိုင်ပါတယ်။ အောက်က ပုံအရဆို Xiaomi 10 Ultra တုန်းက 5,299 Yuan နဲ့ စရောင်းခဲ့ပေမယ့် နောက်ပိုင်း Xiaomi 11 Ultra ကစပြီး 5,999 Yuan နဲ့ (ယွမ် ၇၀၀ တက်ပြီး)​ ရောင်းခဲ့တယ်။ Xiaomi 14 Ultra မှာ ထပ်ပြီး ယွမ် ၅၀၀ ပိုများတဲ့ 6,499 Yuan နဲ့ ရောင်းနေတာဖြစ်ပါတယ်။

အခုဆိုရင် Xiaomi 15 Ultra ဖုန်းက Base Specs ကို 6,999 Yuan လောက်အထိ ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြတယ်။ လက်ရှိငွေစျေးနဲ့ဆိုရင် သိန်း ၄၀ ကျော်...၅၀ နီးပါးဖြစ်လောက်မယ်ပေါ့။

တစ်ခုကောင်းတာက Xiaomi ဘက်ကနေ Global စျေးကွက်မှာတော့ စျေးအတူတူနဲ့ ရောင်းမယ်ဆိုပြီးလည်း သတင်းထွက်ထားတယ် - မနှစ်တုန်းက Xiaomi 14 Ultra ရဲ့ Global စျေးက €1,499.99 ဆိုတော့ China စျေးတက်လည်း Global စျေးထက်တော့ သက်သာဦးမှာပါ။

ဘာပဲဖြစ်ဖြစ် သိန်း ၄၀ ကျော်၊ ၅၀ နီးပါး ပေးရမယ်ဆိုရင် Xiaomi 15 Ultra ဖုန်းကို ဝယ်ဖို့စိတ်ဝင်စားကြမလား... 👀

image