လယ်ဝေးမြိုနယ်တွင် ရှော့တိုက်ဒုံးတစ်လုံး ထပ်မံတွေ့ရှိ
***********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၅
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အရှေ့တောင်ဘက် (၃)မိုင်ခန့်အကွာတွင် ရှော့တိုက်ဒုံး တစ်လုံးထပ်မံတွေ့ရှိခဲံကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က လုံခြုံရေးပူးပေါင်းအဖွဲ့များသည် အေးချမ်းသာကျေးရွာတောင်ဘက်၊ စစ်တောင်းမြစ်ကမ်းဘေး၊ သဲသောင်ပြင်၌ ယခုလ ၁၇ ရက်နေ့က တွေရှိခဲ့သည့် ရှော့တိုက်ဒုံးနေရာအနီးတစ်ဝိုက်အား လိုက်လံရှာဖွေခဲ့ရာ ရှော့တိုက်ဒုံးတွေ့ရှိခဲ့သည့်နေရာနှင့် မီတာ (၃၀၀)ခန့်အကွာ၊ စစ်တောင်းမြစ်အလယ် သဲသောင်းပြင်ကျွန်း၌ ရှော့တိုက်ဒုံး တစ်လုံးအားထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ရှိခဲ့သည့် ရှော့တိုက်ဒုံးအား စအရ (၉၂၀)မှ တပ်ဖွဲ့ဝင်များမှရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
