8 ပတ် - ဘာသာပြန်ပါ။

112. A Nightmare On Elm Street (1984) 👈

ကျွန်တော်တိုငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖိုကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။

မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။ မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တိုသူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တိုရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမိုသူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။

image