24 w - Translate

Website တွေမှာ တွေ့ရတတ်တဲ့ Cookies တွေက အန္တရာယ်ရှိနိုင်လား ....

အခုလို နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အင်တာနက်အသုံးပြုမှုပမာဏဟာ တစ်ရက်တာရဲ့ ၃ ပုံမှာ ၂ ပုံအထိရှိနေတတ်ပါတယ်။

အင်တာနက်အသုံးပြုတဲ့အခါတွေမှာ တော်တော်များများဟာ ဝက်ဘ်ဆိုဒ်တွေကို ဝင်ရောက်ကြည့်ရှုပြီး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ သင်ခန်းစာတွေကို လေ့လာဖတ်ရှုကြပါတယ်။ အဲ့ဒီလို ဝက်ဘ်ဆိုဒ်တွေကို ဝင်ရောက်တဲ့အခါတိုင်းမှာ သင်အသုံးပြုနေတဲ့ Device Screen ပေါ်ကို အမြဲလိုလိုပေါ်လာတတ်တဲ့ Noti လေးတစ်ခုကို သတိထားမိကြမှာပါ။

အဲ့ဒါကတော့ Cookies တွေကို လက်ခံခိုင်းတဲ့ Noti လေးတစ်ခုပါ။ အဲ့ Cookies တွေက ဘာလဲ? လက်ခံလိုက်ရင်ဖြစ်ဖြစ် cancel လုပ်လိုက်ရင်ဖြစ်ဖြစ် အန္တရာယ်ရှိနိုင်လား? ဆိုတာကို ဒီနေ့ ပြောပြပေးသွားမှာပါ။

အရင်ဦးဆုံး Cookies ဆိုတာဘာလဲဆိုရင်တော့ မြင်သာအောင် ဥပမာပေးပြောရမယ်ဆိုရင် သင်က မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ဝက်ဘ်ဆိုဒ်တစ်ခုကို ဝင်ကြည့်တယ်ဆိုပါစို့။ Cookies က သင်ဘယ်လို အကြောင်းအရာတွေကို စိတ်ဝင်စားလဲဆိုတာကို မှတ်သားထားပြီး ဦးစားပေးဖော်ပြပေးသွားတာမျိုးပဲဖြစ်ပါတယ်။

ဝက်ဘ်ဆိုဒ်အများစုမှာ တွေ့ရတတ်တဲ့ Cookies တွေကတော့ Session cookies, Persistent Cookies, First party and third-party cookies, Super cookies, Flash Cookies တွေပဲဖြစ်ပါတယ်။ Cookies တွေဟာ အမျိုးအစားအလိုက်လည်း ကွဲပြားမှုတွေရှိပါတယ်။ Session Cookies ဆိုရင် ဝက်ဘ်ဆိုဒ်ထဲဝင်သုံးနေချိန်သာ သတင်းအချက်အလက်တွေ ဖော်ပြပေးပြီး ဝက်ဘ်ဆိုဒ်ပိတ်လိုက်တဲ့အချိန်မှာတော့ Cookies ကို ဖျက်လိုက်တာမျိုးရှိပါတယ်။

ဒါဆို Cookies တွေက အန္တရာယ်ဖြစ်စေနိုင်လားလို့ဆိုရင်တော့ Cookies တွေက Virus တွေ၊ Malware တွေကို ဖြန့်ချိသယ်ဆောင်နိုင်ခြင်းတော့မရှိပါဘူး။ ဒါပေမဲ့ Cookies ကို အသုံးပြုပြီး အချို့ Data ကူးယူမှုဖြစ်ရပ်တွေတော့ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေ နည်းလွန်းတယ်ဆိုပေမဲ့လည်း အသုံးပြုသူတွေအနေနဲ့ Noti တက်လာတဲ့အခါမှာ သေချာဖတ်ရှုပြီးမှ Accept လုပ်တာက ပိုပြီးတော့ စိတ်ချရမှာပါ။

Cookies နဲ့ ပတ်သတ်ပြီး အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်ရမှ လုပ်ဆောင်နိုင်မယ့် DNT (Do Not Track) ကိုတော့ Mozilla FireFox, Internet Explorer, Safari, Opera, Google Chrome တို့မှာ ထည့်သွင်းပေးထားပါတယ်။

image