8 w - Translate

ဘာဟုဘာလီမင်းသားလို လူသိများတဲ့ အိန္ဒိယ Prabhas မင်းသားသရုပ်ဆောင်ထားတဲ့ ရာမယန ဇာတ်ကားလေးလာပါပြီ။
အိန္ဒိယမှာ ဝေဖန်မှုအချိုရှိနေပေမယ့် ရုံတင်ငွေအနေနဲ့ တော်တော်အမြတ်ရထားတဲ့ကားလေးပါ။
‌ဇာတ်လမ်းကတော့အားလုံးသိကြတဲ့အတိုင်း ဒဿဂီရိက မယ်သီတာကိုခိုးပြေးသွားတာတွေ၊ ရာမရဲ့ မျှားရဲ့တန်ခိုးတွေကို တစ်၀ကြီးကြည့်ရမှာပါ။
လင်္ကာဒီပ ၀တ္တုကိုဖတ်ဖူးသူတိုင်းဒီဇာတ်လမ်းလေးကိုသိကြမှာပါ။
Live-Action အနေနဲ့အသက်သွင်းထားလိုကြည့်ရ စိတ်၀င်စားစရာတွေနဲ့ပြည့်နေမှာပါ။
ဘာလို ဂန္ဓ၀င်ကားတစ်ခုကို အိန္ဒိယပရိတ်သတ်တွေကြားဝေဖန်မှုရှိလဲတော့မသိရပါဘူး။
ဘာဟုဘာလီမင်းသားကြီးရဲ့ အက်ရှင်ခန်းတွေတွေကိုတစ်၀ကြီးကြည့်ရမယ့်ကားပါ။
ဇာတ်ကားရဲ့ နောက်ခံ music ကလည်းတကယ်နား၀င်ချိုစေတယ်ဆိုတာသေချာပါတယ်။
ရာမယဏ ဇာတ်ကားကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာ
ဇာတ်ကားထဲမှာခံစားကြည့်ရှုလိုက်ကြပါဦးဗျ

#storymode

image