မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်က နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ၂-၂ နဲသရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ဘရူနိုဖာနန်ဒက်ဇ်တယောက်သာခြေစွမ်းပြကစားနိုင်ခဲ့ကြောင်းဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
ဘရူနိုဟာအရမ်းအရေးပါမှုရှိပါတယ်။သူ့အနေနဲ့ဘယ်နေရာမှာကစားသည်ဖြစ်ပါစေသူဟာ အခက်ခဲဆုံးအချိန်ကာလတွေမှာတောင် ဘောလုံးထိန်းချုပ်ကစားနိုင်တဲ့သူဖြစ်ပြီးတော့ဒီဟာကအသင်းအတွက်အရေးကြီးတဲ့အရာဖြစ်ပါတယ်။သူဟာဦးဆောင်သူဖြစ်ပြီး သူ့အနေနဲ့ပထမဂိုးကိုသွင်းယူနိုင်ခဲ့ကာ ဒီနေ့မှာငါတို့ရမှတ်ရရှိအောင်သူကူညီပေးနိုင်ခဲ့ပါတယ်။
တကယ်လို့မင်းအနေနဲ့ ၀-၂ နဲ့ဦးဆောင်ထားခံရတာကနေလိုက်ကစားရမယ်ဆိုရင်တော့ ဒီဟာကကောင်းမွန်တဲ့ရမှတ်ဖြစ်ပါတယ်။ဒါပေမဲ့ ငါတို့ရဲ့ရည်မှန်းချက်ကတော့ အနိုင် ၃ မှတ်ပြည့်ရရေးဖြစ်ပြီး အစ်ဝှစ်ချ်နဲ့ပွဲစဉ်မှာတော့ငါတို့အနိုင်ရယူရပါမယ်လို့ အာမိုရင်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
