ပါလက်စတိုင်းအကျဉ်းသားတွေ လွှတ်ပေးမှ အစ္စရေးနဲ့ ဆက်ဆွေးနွေးမယ်လို့ ဟားမတ်စ်အဖွဲ့ ထုတ်ပြန်လာ

ဂါဇာစီးတီး၊ ဖေဖော်ဝါရီ ၂၅

အစ္စရေးနဲ့ သဘောတူထားတဲ့အတိုင်း ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အခြေအနေပေါ်မူတည်ပြီး အပစ်ရပ်ရေး သဘောတူညီချက် နောက်ထပ်အဆင့်တွေ ဆွေးနွေးမယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။

အသက်ရှင်လွတ်မြောက်လာတဲ့ ဓါးစာခံခြောက်ယောက်နဲ့ သေဆုံးသွားတဲ့ ဓါးစာခံအလောင်းလေးလောင်းကို ဟားမတ်စ်တို့က ပြန်လည်လွှဲပြောင်းပေးမှုအတွက် ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးရေးကို ရွှေ့ဆိုင်းလိုက်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပါတယ်။

ဟားမတ်စ်တို့ဟာ ဓါးစာခံတွေလွှဲပြောင်းရာမှာ ဂုဏ်သိက္ခာမရှိဖြစ်အောင် လုပ်ဆောင်မှုနဲ့ အခြားသဘောတူညီချက် ချိုးဖောက်တာတွေရှိတယ်လို့ အစ္စရေးက စွပ်စွဲပါတယ်။ ဟားမတ်စ်တို့ကတော့ ဒီဆုံးဖြတ်ချက်ဟာ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုလုံးကို ကြီးစွာ အန္တရာယ်ရှိပြီး အစ္စရေးကို ဖိအားပေးရန် အမေရိကန် တောင်းဆိုထားပါတယ်။

သဘောတူညီချက် ပထမအဆင့်နဲ့ ယာယီခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ လာမယ့် စနေနေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အပစ်ရပ်ရေး ဒုတိယအဆင့်နဲ့ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုတွေကတော့ လက်ရှိချိန်ထိ မစရေးပါဘူး။

အပစ်အခတ်ရပ်စဲရေး မရေရာဖြစ်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတိပေးထားပြီး ကျန်ရှိနေတဲ့ ဓါးစာခံအားလုံးကို ဂုဏ်သိက္ခာရှိစွာ ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနဲ့ အပစ်ရပ်သဘောတူညီချက် နောက်ထပ်အဆင့်တွေအတွက် အမေရိကန် ၊ အီဂျစ်နဲ့ ကာတာတို့ ဦးဆောင်ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြပါတယ်။

Ref:BBC
Photo: Reuters

#သတင်းဟင်းလေးအိုးကြီး

image