24 w - Translate

ချစ်ခြင်းမေတ္တာကို မင်းနဲ့မှ မဟုတ်ရင် မဖြစ်ဘူး၊ မင်းနဲ့လည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အချိုးအကွေ့မှာ ကိုယ်ရပ်ထားတာ။

ကိုယ်တို့ နောက်ဆုံးပဲထင်တယ်လို့ ရိပ်မိသွားတဲ့နေ့ကနေ ဒီနေ့ထိ ကိုယ့်ရယ်မောမှုတိုင်းမှာ ငိုသံနည်းနည်းပါနေတာ။

ရယ်ရတယ်မလား၊ မင်းတစ်ယောက်ပဲ သတိထားမိမယ့် အပြုအမူတွေကို မင်းမဟုတ်တဲ့လူတွေအပေါ် ကိုယ်သုံးစွဲမိတဲ့အခါ သတိတရ ဖြစ်ရတဲ့ နာကျင်မှုဟာ နှစ်ဆ။

အလွယ်တကူမပျော်ဝင်နိုင်တဲ့ စိတ်ခံစားမှုပုံဆောင်ခဲနဲ့ ကိုယ်ပဲ။ အနားရောက်လာတဲ့လူတွေကို ကိုယ်ငြင်းရတဲ့ အကြောင်းပြချက်က တစ်ခုပဲ။ မင်းမဟုတ်တဲ့ လူတွေကို ကိုယ်မချစ်ဘူး။ မင်းဆီလည်း ကိုယ်ပြန်မရောက်နိုင်တော့ဘူး။ မရောက်နိုင်တာထက်ထပ်မလိုချင်တော့တာကပိုမှန်နေပါတယ်။

image