24 w - Translate

Air Cooler အသုံးပြုသူများ အဓိက သိထားရမည့် အချက်ကြီး (၅)ချက် ♨️♨️♨️

✅ဘယ် Air Cooler အမျိုးအစားမဆို ဒီအချက်တွေကို လိုက်နာလို့ရနိုင်ပါကြောင်း သတင်းစကားပါးရင်း

✅Air Coolerမှာ ပါတဲ့ Water Tank (ရေကန်) ကို ရေဖြည့်ခြင်း

✅Air Cooler မှာ ပါတဲ့ Water Tank (ရေကန်) တိုင်းမှာ Full, Max, Min စသဖြင့် အတိုကောက်နဲ့ ရေကန်ရဲ့ ရှေ့မှာ ဖြစ်စေ၊ နောက်မှာ ဖြစ်စေ၊ အောက်မှာဖြစ်စေ၊ ဘေးမှာဖြစ်စေ ရေးထားတတ်ပါတယ်။

✅ဒါက ဘာကို ပြောချင်တာလဲ ဆိုရင် ရေထည့်ရမယ့် level အတိုင်းအတာကို ပြောတာပါ။ MaMaximum), Full ဆိုရင် အဲဒီ့အထိ အမြင့်ဆုံးထည့်ရမှာဖြစ်ပြီး ကျော်လို့မရပါဘူး။ Mim(Minimum) ဆိုရင် အနည်းဆုံး ရှိကိုရှိရမယ့် ရေlevel ဖြစ်ပြီး လေအေးရချင်ရင် အနည်းဆုံး အဲဒီ့လောက်တော့ ရှိကိုရှိရပါမယ်။

ရေခဲခြောက်ထည့်ခြင်း

✅Air Cooler တော်တော်များများမှာ ပိုအေးအောင် ရေခဲခြောက်တုံးလေးတွေ ပါကြပါတယ်။ တစ်ချို့က အထဲမှာ ရေခဲကို တာရှည်ထိန်းပေးတဲ့ အမှုန့် ပါပြီး ကိုယ်က ရေထည့် ရေခဲသေတ္တာ အပေါ်ထပ်ထဲထည့် ခဲပေးရတယ်။ တစ်ချို့ က Gel type ပါပြီးသားနဲ့ တစ်ချို့ကျ ရေခဲဖို့အတွက် ဗူးကြီး သက်သက်ပါတတ်ပါတယ်။

✅အဲဒါကို အပေါ်ကပြောခဲ့တဲ့ water tankထဲ ထည့်မယ်ဆို အရေးကြီးတာက အပေါ်မှာ ပြောခဲ့တဲ့ အမှတ် Level (Max, Min) လေးတွေပါ။

✅ရေကိုတော့ ဟုတ်ပြီ အပေါ်က ပြောတဲ့ အတိုင်း ထည့်ပြီးပြီဆိုပြီး နောက်မှ ရေခဲခြောက်ဗူးကို ရေကန်ထဲထည့်လိုက်ရင် ရေရဲ့ ရှိရမယ့် (Full,Max) level ကို ကျော်သွားမှာ ဖြစ်ပါတယ်။

✅ဒီတော့ ရေခဲခြောက်ထည့်မယ်ဆိုရင် ရေကို တစ်၀က်လောက်ပဲအရင်ထည့်ပြီးမှ ရေခဲခြောက်ထည့်ပါ။ Full,Max level ချိန်ပြီး လိုသလို ရေထပ်ထည့်လည်းရနိုင်ပါတယ်။

အမှတ်ကျော်သွားရင် ဘာဖြစ်တတ်လဲ?

ရေယိုတတ်ပါတယ်။ ဒါကတော့ များသောအားဖြင့် Air Cooler က ရေယိုတယ်လို့ ပြန်ကြားရတဲ့ Complaint တစ်ခု ပါပဲ။

✅ဒါပေမယ့် တစ်ခါတစ်လေ Factory Errorလည်း ရှိတတ်ပါတယ်။

ဒါက အဓိက အချက်ပါ ... ရေမရှိပဲနဲ့ လုံး၀ Cool, Cold, Cooling စသည်ဖြင့် ရေးထားတဲ့ ခလုတ်ကို မနှိပ်ပါနဲ့

✅ဘာကြောင့်ဆို ရေကို စုပ်ပေးတဲ့ ပန့်မော်တာလေးက ရေမရှိပဲ ရုန်းရသလို ဖြစ်လို့ အပျက် မြန်ပါလိမ့်မယ် ...

✅တစ်ချို့ ဈေးများသွားပြီး Functionအစုံပါတဲ့ Brand တွေဆို ရေမရှိတာနဲ့ ပန့်မော်တာက အလုပ်မလုပ်တော့တဲ့ စနစ်မျိုးပါတတ်ပါတယ်။

✅Air Cooler သန့်ရှင်းရေး

✅Air Cooler သုံးတဲ့ အကိုတွေ အစ်မတွေတိုင်း ကျေးဇူးပြုပြီး အနည်းဆုံး နှစ်ပတ်တစ်ခါလောက် အနောက်မှာ ပါတဲ့ ဇကာလေး ကို ဖြုတ်ဆေး၊ ခါ၊ နေလှမ်းပြီး ပြန်တပ်ပေးဖို့ ပြောပေးပါရစေ။

✅ဘာကြောင့်ဆို ဒီဇကာကပဲ လေတွေကိုစစ် ရေကိုဖြတ်ပြီး လေအေးထုတ်ပေးလို့ပါ။ ဖုန်တက်မြန်သလို ဖုန်တွေကြောင့် လေထွက်အားလည်း လျော့လာနိုင်ပြီး ကျန်းမာရေးအတွက်ပါ အဆင်ပြေဖို့အတွက်ပါ။

✅ဇကာဖြုတ်ရတာ တကယ် မခက်ပါဘူး။ တစ်ချို့က ကလစ်ကလေးတွေနဲ့ တစ်ချို့က screw driver နဲ့ လှည့်ဖြုတ်ရုံပါပဲ။

#knowledge