ချာပတီ နှင့် ကြက်သားပဲဟင်း
-----------------------------------------
ထမင်းမြိန်စေမယ့် အိန္ဒိယစတိုင် ချာပတီ နှင့် ကြက်သားပဲဟင်းပါ။ ချက်နေကျစတိုင် ဆီအများကြီး မသုံးထားပဲ၊ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင် တွေကြောင့် အနံ့ရော၊ အရသာပါ ထူးကဲ ကောင်းမွန်ပါတယ်။ ကြက်သား နှင့် ပဲဟင်းကို ထမင်း၊ ချပတီ၊ ရိုတီ တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…
------------------------------------------
ပါဝင်ပစ္စည်းများ

ကြက်ပေါင် – ၄၅၀ ဂရမ် (၁လက်မအရွယ် အတုံးများ တုံးထားပါ)
ကုလားပဲ – ၁၅၀ ဂရမ် (မပြုတ်ခင် ရေနာရီဝက် စိမ်ထားပါ။ ပြီမှ ပဲနူသည်အထိ ပြုတ်ပြီ ပြန်ဆယ်ထားပါ)
ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စင်းထားပါ)
ဂျင်းနှစ် (သို့) ဂျင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဖာလာစေ့ – ၂ခု
လေညှင်း – ၄ပွင့်
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးထားပါ)
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်(သို့) Pressure cooker ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်နီ ဆီသပ်ပေးပါ။

၂။ ထို့နောက် မဆလာ၊ ဖာစေ့၊ လေညှင်း တို့ကို ထည့်မွှေပေးပါ။

၃။ ပြီမှ ဂျင်းနှစ်၊ ဆနွင်း ထည့်ကာ ဆီသပ်ပါ။

၄။ ကြက်သား၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၅။ ကြက်သား ရေမြုပ်ရုံ ရေ(၄ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ Pressure cooker (သို့) ဒယ်ကို အဖုံးအုပ်ကာ ၁၅မိနစ်ခန့် မီးအတင့်တင့်ဖြင့် တည်ထားပါ။

၆။ ကြက်သားကျက်ပြီဆိုလျှင်(ပြုတ်ထားသော ပဲ)ကို ကြက်သားဖြင့် ရောကာ နောက်ထပ် ၁၀မိနစ် ထပ်တည်ပေးပါ။

ရ။ အရသာ အနေတော်လျှင် နောက်ဆုံးမှ မဆလာ(လက်ဖက်ရည်ဇွန်း တဝက်)၊ နံနံပင် အုပ်လိုက်ပါ။

၈။ အရသာရှိပြီ ထမင်းမြိန်စေမယ့် အိန္ဒိယစတိုင ကြက်သား နှင့် ကုလားပဲဟင်းကို သုံးဆောင်နိုင်ပါပြီ…
------------------------------------------
ချာပတီ ပါဝင်ပစ္စည်းများ

ဂျုံမှုန့် – ၁ခွက် (၁၄၀ ဂရမ်)
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ရေ – ခွက် ၃ပုံ၁ပုံ
ဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
------------------------------------------
ချာပတီ ပြုလုပ်နည်း

၁။ ဇောက်ခွက်တစ်ခုထဲ (ဂျုံ၊ ဆား၊ ဇီယာ၊ နံနံစေ့မှုန့်) တို့ကို ရောနုယ်လိုက်ပါ။

၂။ ထို့နောက် ရေထည့်ပြီ ဂျုံဒိုးသား နူးညံ့သည်အထိ (၂-၃) မိနစ်ထိ နုယ်ပေးပါ။

၃။ ပြီနောက် လက်တွင် ဆီသုတ်ပြီ အရွယ်ညီ ဂျုံဒိုးလုံး (၈လုံး) လုံးပေးပါ။

၄။ ထို့နောက် ဂျုံလုံးလေးများကို ထလိမ့်တုံးဖြစ် အပြားဖြစ်အောင် လုပ်ပေးပါ။ တလိမ့်တုံးတွင် ဂျုံများမကပ်အောင် လိမ့်လျှင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။

၅။ ဒယ်ပြားကို ဆီအနည်းသုပ်ပြီ မီးတင့်တင့်ဖြင့် ဒယ်ပြားပူလာလျှင် ဂျုံပြားကို တဖက် မိနစ်ဝက်နှုန်းဖြင့် လှန်ပေးပါ။

၆။ ချာပတီရပြီဆိုမှ ပဲကြက်သားဟင်းဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်လို့ရပါပြီ…
#credit: Wutyee Food House

image