9 w - Translate

Part_2
*ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးနည်း
၁၀။ မြေသြဇာကျွေးခြင်း
ပန်းဂေါ်ဖီစိမ်းပင်၏ အမြစ်သည် မြေအောက်သို့ များစွာမဆင်းသော အပင်မျိုးဖြစ်၍ အာဟာရ ဓာတ်များစွာ စားသုံးပါသည်။ ထို့ကြောင့် မြေသြဇာကို အောက်ပါတိုင်း တစ်ဧက စံနှုန်းထား၍ အသုံးပြုသင့်ပါ သည်။
ပထမအကြိမ် - ရွှေ့ပြောင်းစိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်အကြာ။
ဒုတိယအကြိမ် - ပထမအကြိမ်ထည့်ပြီး (၁၀) ရက်ခန့်အကြာ။
တတိယအကြိမ်- ရွှေ့စိုက်ပြီး (၁) လခန့်အကြာ။
စဉ် မြေသြဇာ စုစုပေါင်း မြေပြုပြင်စဉ်ထည့် စိုက်ပျိုးပြီးထည့်
ပထမ ဒုတိယ တတိယ
၁။ နွားချေး၊ ၄ တန် ၄ တန် - - - ၂။ ယူရီးယား ၁၄၀ ပေါင် ၇၀ ပေါင် ၃၀ ၄၀ -
၃။ တီစူပါ ၁၀၀ ပေါင် ၁၀၀ ပေါင် - - -
၄။ ပိုတက်ရှ် ၉၀ ပေါင် ၆၀ ပေါင် - - ၃၀
၅။ ပဲဖတ် ၁၀၀ ပေါင် ၆၀ ပေါင် - - ၄၀

၁၁။ ရွှေ့ပြောင်းစိုက်ပျိုးခြင်း
ပျိုးသက် (၂၅-၃၀) ရက်ရလျှင် (သို့မဟုတ်) အရွက် (၄-၅) ရွက်ထွက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါ သည်။ စိုက်ပျိုးချိန်မှာ ညနေ (၃) နာရီနောက်ပိုင်း ဖြစ်သင့်ပါသည်။ တူရွင်းဖြင့် ကျင်းတူးပြီး ကျင်းထဲ ရေလောင်း ပေးရပါမည်။ ၎င်းကို ရေခံသည်ဟု ခေါ်ပါသည်။ ပျိုးပင်ကို နုတ်ပြီး ၎င်းကျင်းထဲသို့ တည့်မတ်စွာချ၍ အမြစ်ကို မြေတွင်ဖိကပ်ပြီး အပေါ်မှ မြေဖုံးပေးရသည်။ သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်ဖြည့်ပေးရမည်။ ထိုထက်နောက်ကျလျှင် မူလအပင်ကို မမီတော့ပေ။ ရွှေ့စိုက်ပြီး တစ်လသားအထိ ပုရစ်ဖျက်ဆီးမှုကို ဂရုစိုက်ရ မည်။

၁၂။ အပင်နှင့် အတန်းအကွာအဝေး
တစ်ပင်နှင့်တစ်ပင် (၁၁/၂) ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂’ - ၂၁/၂) ပေခွဲခြားထားပြီး စိုက်ပျိုးနိုင်ပါ သည်။ ရွှေ့စိုက်ပြီး (၁၀-၁၅) ရက်ရလျှင် ခါးရစ်ခြင်း၊ ခါးဆွခြင်းကို ပြုလုပ်ပေးရသည်။

၁၃။ အပင်ပြုစုခြင်း
ဂေါ်ဖီစိမ်းပင်သည် အမြစ်မြေအောက်သို့ များစွာမသွားဘဲ အများအားဖြင့် (၁၁/၂ -၂) ပေမှ အမြစ်များ က အစာရေစာ စားသုံးပါသည်။ ထို့ကြောင့် ကြားပေါင်းနက်နက်လိုက်ရန် မလိုပေ။ မြေသြဇာများထည့်ပေးပြီး တိုင်း ကြားပေါင်းလိုက်ခြင်းဖြင့် ဓာတ်မြေသြဇာနှင့် မြေသား သမသွားစေပါသည်။ ရေကို (၁) ပတ် (သို့မဟုတ်) (၂) ပတ်လျှင် တစ်ကြိမ်ကျ သွင်းပေးရန် လိုအပ်ပါသည်။

ရွှေ့စိုက်ပြီး (၃၀) ရက်အကြာတွင် တစ်ကြိမ်၊ (၄၅) ရက်အကြာတွင် တစ်ကြိမ် ဘေးတက်ဖဲ့ခြင်းဖြင့် ထိပ်ပိုင်းရှိ အပွင့်ကြီးထွားမှုကို အနှောင့်အယှက်မဖြစ်စေပါ။ ထိပ်ဖူးစတင်ချိန်တွင်မူ ထွက်ရှိနေသော ဘေးတက် များကို မဖဲ့ရပါ။ ၎င်းတို့ကို ဆက်လက်ထားရှိခြင်းဖြင့် ထိပ်ပိုင်းရှိ ပန်းပွင့်ဆွတ်ခူးပြီး (၂) ပတ်ခန့်အကြာတွင် ဘေးတက်များမှ ပန်းပွင့်များကို ဆွတ်ခူးနိုင်သည်။ ရာသီဥတုအေးမြ၍ မြေဆီထက်သန်သော မြေများတွင် ဘေး တက်မှ ထွက်သောပန်းပွင့်သည် ထိပ်ပိုင်းမှ ပွင့်သော ပန်းပွင့်နီးပါးကြီးနိုင်၍ တစ်ပင်လျှင် ဘေးတက် (၂၀) ခန့် ထွက်ရှိနိုင်သည်။ ဘေးတက်များသည် အပင်အသက်ရှင်နေစဉ်ကာလ၌ စဉ်ဆက်မပြတ် ထွက်ပေါ်နိုင်သည်။

၁၄။ ဆွတ်ခူးခြင်း
အဖူးတင်းမာနေသောအချိန် မပွင့်မီအချိန်တွင် ရိတ်သိမ်းနိုင်သည်။ သက်တမ်းလိုက်၍ ရိတ်သိမ်းနိုင် သည်။ သက်တမ်းလိုက်၍ ရွှေ့စိုက်ပြီး (၂-၂၁/၂) လခွဲခန့်ကြာလျှင် ပန်းပွင့်ကို စတင်ခုတ်နိုင်ပါသည်။ အဝေးသို့ တင်ပို့လိုပါက အရွက် (၂-၃) ရွက်ချန်ထား၍ ခုတ်ရပါသည်။ အချိန်မီ မခုတ်ပါက ပန်းပွင့်အရောင်ပြောင်းသွားပြီး ပန်းပွင့်ရိုးတံများ ထွက်လာတတ်ပါသည်။ ပန်းပွင့်ရိုးတံကို (၄)လက်မခန့်အရှည်ထားပြီး ပလပ်စတစ်ဖြင့် တစ်ပွင့် လုံး အုပ်လိုက်ခြင်းဖြင့် ကြာရှည်ခံနိုင်သည်။ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်းမျိုးလိုက်၍ တန်ချိန် (၅-၈) တန် ထွက် နိုင်ပါသည်။

#greengarden
#crd

image