24 w - Translate

မင်းသားလေးလူးဝစ်ရဲ့ ၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပုံအသစ် ထွက်ရှိလာ

ဝီလျံမင်းသားနဲ့ ကိတ်တို့ရဲ့အငယ်ဆုံးသား မင်းသားလေးလူးဝစ်ဟာ ဧပြီလ ၂၃ ရက်နေ့မှာ အသက် ၆ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ မွေးနေ့အထိမ်းအမှတ်အဖြစ် ကိတ် ရိုက်ထားတဲ့ မင်းသားလေးလူးဝစ်ရဲ့ဓာတ်ပုံကို မျှဝေပေးခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ဝီလျံမင်းသားနဲ့ ကိတ်ရဲ့လူမှုကွန်ယက်အကောင့်ကနေ မျှဝေပေးခဲ့တာပါ။

ဓာတ်ပုံထဲမှာ လူးဝစ်ကို အကွက်ရှပ်အင်္ကျီဝတ်ဆင်ထားပြီး စောင်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ပြုံးပြနေတာတွေ့ရပါတယ်။ ဓာတ်ပုံကို "ပျော်ရွှင်စရာ ၆ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ မင်းသားလေး လူးဝစ်။ ဒီနေ့ အကြင်နာတရားအပြည့်နဲ့ဆုမွန်ကောင်းတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်"ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။

မိသားစုနေအိမ်မှာ ရိုက်ထားတဲ့ ဒီဓာတ်ပုံအသစ်ဟာ မတ်လအစောပိုင်းကတည်းကတည်းက ဝီလျံနဲ့ကိတ်တို့ တင်ခဲ့တာ ပထမဆုံးပါ။ ဝီလျံက ကိတ်နဲ့ကလေး ၃ ယောက်ပုံကိုလည်း ရိုက်ခဲ့ပြီး ဗြိတိန်မှာ အမေများနေ့အထိမ်းအမှတ်အဖြစ် မျှဝေခဲ့ပါသေးတယ်။

မင်းသားလေးလူးဝစ်ရဲ့နာမည်အရင်းက လူးဝစ်အာသာချားလ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူ့ကို မွေးဖွားပြီး ၇ နာရီအကြာမှာ စိန့်မေရီဆေးရုံအပြင်ဘက်ဆီ ဝီလျံနဲ့ ကိတ်တို့ ခေါ်ဆောင်လာချိန် ပထမဆုံးလူကြားထဲ ထွက်လာခဲ့တာပါ။ အဲ့ဒီကစပြီး တော်ဝင်ပွဲအခမ်းအနားတွေမှာလည်း မင်းသားလေးလူးဝစ်က လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Ref: Prince William, Kate Middleton share new photo of Prince Louis for his 6th birthday

image