မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမားကယ်လ်ဗင်ဒီဘရိုင်းအနေနဲ့ ဒီနွေရာသီကာလမှာအသင်းပြောင်းရွှေ့ထွက်ခွာဖွယ်ရှိနေပါတယ်လို့ အဂ်လန်သတင်းဌာနဖြစ်တဲ့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကွင်းလယ်ကစားသမားအနေနဲ့ ဒဏ်ရာပြသနာမရှိပေမဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ရီးရဲလ်မက်ဒရစ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာချန်လှပ်ခံထားခဲ့ရဖြစ်ကြောင်းပပ်ဂွာဒီယိုလာကထုတ်ဖော်ပြောဆိုလာတဲ့ဖြစ်စဉ်လည်းရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနည်းပြပပ်ဂွာဒီယိုလာအနေနဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ၁-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားကယ်လ်ဗင်ဒီဘရိုင်းကိုဒဏ်ရာပြသနာတစုံတရာမရှိဘဲချန်လှပ်ထားခဲ့တာဖြစ်ကြောင်းတည့်တည့်ဝန်ခံပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

ပပ်ဂွာဒီယိုလာရဲ့ပြောစကားကြောင့်ကယ်လ်ဗင်ဒီဘရိုင်းဖြစ်စဉ်မှာတော့ အဆိုပါဘယ်လ်ဂျီယံကွင်းလယ်ကစားသမားအနေနဲ့ ဒီရာသီကုန်ပြီးနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းကနေထွက်ခွာမှာလားဆိုတာနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေဆက်တိုက်ထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။

ကယ်ဗင်ဒီဘရိုင်းရဲ့မန်ချက်စတာစီးတီးအသင်းနဲ့လက်ရှိစာချုပ်သက်တမ်းအရတော့ ဒီဇွန်လကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image