24 w - Translate

ပျားဝတ်မှုန်ဆိုသည်မှာ
ပျားဝတ်မှုန် (Bee pollen) ဆိုသည်မှာ အပင်၏ ပန်းပွင့်များ၌ရှိသော အဖိုဝတ်မှုန်(Male seeds of flower) များကို လုပ်သားပျားများက ယင်းတို့၏ ပါးစပ်မှ ရရှိသည့် အစာခြေရည်များနှင့် ရောစပ်ပြီး အလုံးလေးများ (Granules) ဖြစ်အောင် ပြုလုပ်ထားသောအစားအစာကိုခေါ်သည်။ အဆိုပါ ပျားဝတ်မှုန်လေးများကို ယင်းတို့၏ ခြေထောက်နှစ်ဖက်ရှိ အိတ်ငယ်များ (Pollen buckets) အတွင်းသို့ သိပ်ထည့်ကာ ပျားအုံသို့ သယ်ဆောင်လာပြီး သုံးရက်သားကျော်သည့် ပျားသားပေါက်လေးများကို ကျွေးမွေးရသည့် အစားအစာတစ်မျိုးလည်းဖြစ်သည်။ အဆိုပါ ပျားဝတ်မှုန်တစ်မျိုးတည်းသာ စားရသည့် ပျားသားပေါက်များသည် ၂၂ ရက်ကြာသောအခါ အရွယ်ရောက်သောပျားအဖြစ် စတင် တာဝန်ထမ်းဆောင် ပါသည်။
ထို့ကြောင့် ပျားဝတ်မှုန်သည် ပျားလေးများအတွက် လုံလောက်သော အာဟာရဓာတ်များ ပေးစွမ်းနိုင်သော အစားအစာတစ်မျိုးဟု ဆိုနိုင်သည်။
ဒေါက်တာခင်မောင်လွင် (FAME)

image