9 w - Translate

#မှုခင်းသတင်းများ
ဇေယျာသီရိမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးတိုက်မိရာမှ တစ်ဦးသေဆုံး
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ မအူတောကျေးရွာအနီး ရန်-မန်လမ်းဟောင်းမိုင်တိုင်အမှတ် ၂၂၈/၄ နှင့် ၂၂၈/‌၅ ကြား၌ ယမန်နေ့ည ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဥ်မှာ ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသော ဦးခင်မောင်ဆွေ၊ ၄၈ နှစ်ခန့်၊ (ဘ)ဦးအေးကို၊ မအူတောကျေးရွာ၊ မအူတောအုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်-NPW-65W/86102၊ WAVE CANDA-110 အမျိုးအစား အနက်ရောင်ယာဉ်မှ လမ်းဖြတ်ကူးရန် အချက်ပြမီးအားပြသ၍ မအူတောရွာအတွင်းသို့ ဝင်ရောက်ရန်ပြုလုပ်စဉ် ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့မောင်းနှင်လာသော ဦးအောင်နိုင်ဦး၊ ၃၈ နှစ်၊ (ဘ)ဦးဝင်းနိုင်၊‌ လေသာ(တ)ကျေးရွာ၊ ကျွန်းရောင်းအုပ်စု၊ ဇေယျာသီရိမြို့နယ်‌နေသူမောင်းနှင်လာသော ယာဉ်အမှတ်-၂၀ယ/၅၂၄၂၄ KENBO-125၊ အနက်ရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ယာဥ်တိုက်မှုကြောင့် ဦးခင်မောင်ဆွေသည် နဖူးပေါက်ပြဲ(မစိုးရိမ်ရ)ဒဏ်ရာနှင့် ဦးအောင်နိုင်ဦးသည် နဖူးပေါက်ပြဲ၊ နောက်စေ့ကွဲ(စိုးရိမ်ရ)ဒဏ်ရာများရရှိပြီး နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ မအူတောကျေးရွာ “လောကပါလဓမ္မပြန့်ပွားရေ” သွေးအလှုရှင် ပရဟိတကားဖြင့် ပို့ဆောင်ခဲ့ရာ ဦးအောင်နိုင်ဦး မှာ ဆေးရုံးသို့ ပို့ဆောင်စဥ် သေဆုံးသွားခဲကြောင်း သိရသည်။

image
image
image