9 w - Translate

Shaq_ရှက်ရ် လို့ လူသိများတဲ့ Shaquille O'Neal ဆိုတဲ့ဘဲကြီးက NBA basketball သမိုင်းမှာတော့ လုံးဝ legend ကြီးပဲ။ ထူးခြားတာက ဒီဘဲက basketball တစ်ခုတည်းတင်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်လုပ်လိုက်၊ အခါအားလျော်စွာ Hollywood မင်းသားလုပ်လိုက်၊ 'DJ Diesel' ဆိုပြီး DJ လေးတီးလိုက်နဲ့ ဟန်ကျနေရော။ ဒါတွေတင်ပဲလားဆိုတော့လည်း မဟုတ်သေးပြန်ဘူး ကိုယ့်လူရေ။ ဘဲကြီးက ကျွန်တော်တို့လို ကားချစ်သူ enthusiast တစ်ယောက်ပဲဗျ။

ကားချစ်သူ die-hard enthusiast တစ်ယောက်ဖြစ်သည့်တိုင် သာမန်လူတွေနဲ့မတူတဲ့ ၇ ပေ ၁ လက်မ ဆိုတဲ့ အရပ်နဲ့ ပေါင် ၃၂၀ ကျော်ရှိတဲ့ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကြောင့်ပဲ Shaq နဲ့ သာမန်ကားတွေနဲ့ဆိုတာ သူမနဲ့ ခင်ဗျားတို့လိုပဲ ဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်တဲ့ အရာနှစ်ခုပါ။ သာမန်ကားတစ်စီးရဲ့ headroom တွေ legroom တွေက Shaq တစ်ယောက်အတွက် ဘယ်လိုမှအဆင်မပြေနိုင်တဲ့ အနေအထားတစ်ခုမှာ ဒီကားတွေကို ပြန်ပြီး modify လုပ်ဖို့ကလွဲ၍ အခြားမရှိတော့ပြီ။ RR Phantom လိုကောင်မျိုးနဲ့တောင် သက်တောင့်သက်သာမဖြစ်နိုင်တာကြောင့် Gallardo ကို သိပ်စီးချင်တဲ့ Shaq တစ်ယောက်ကတော့ နှစ်စီးဝယ်ကာ တစ်စီးထဲဖြစ်အောင် ဖြတ်ညှပ်ကပ်လုပ်ပြီးတောင် စီးခဲ့ဖူးပါတယ်။

Anyway, Shaq ရဲ့ အခုမှ လောလောလတ်လတ် ပရောဂျက်ဖြစ်တဲ့ custom build ကတော့ ပုံထဲမှာမြင်တွေ့
ရတဲ့ Lucid Air ပါ။ ထုံးစံအတိုင်းပဲ ဒီကားကို ပြန်ပြီး transformation လုပ်ပေးထားတာကတော့ West Coast Customs ကပဲဖြစ်ပြီး တံခါးလေးပေါက် Sedan တစ်စီးကို B-piller ဖြုတ်၊ တံခါးတွေကို ဆွဲဆန့်ပြီး Lucid Air ရဲ့ Sleek ဖြစ်တဲ့ Body Language ပျောက်မသွားပဲ two-door coupe တစ်စီးအဖြစ် ပြန်လည်ဖန်တီးပေးလိုက်တဲ့ West Coast Customs ရဲ့ လက်ရာပြောင်မြောက်ချက်ကတော့ လက်ဖျားခါလောက်တာ အမှန်ပဲ။

တံခါးတွေကို ဆွဲဆန့်ပေးလိုက်ပြီး အတွင်းခန်း space ကို ပိုကျယ်အောင် ဖန်တီးပေးလိုက်တဲ့အတွက် Shaq တစ်ယောက် ကားအဝင်အထွက်တွေ၊ headroom နဲ့ legroom တွေ အတော်လေးရသွားမယ့်အပြင် ဘဲကြီးက သူ့ရဲ့ personality ကိုပါ ဖော်ပြချင်ပုံရတယ်။ ဘာလို့ဆို ကားရဲ့အရှေ့က Lucid ဆိုတဲ့ စာသားကို "Diesel" လို့ ပြောင်းထားပြီး ကားဘီးတွေပေါ်မှာလည်း Superman လိုဂိုတွေအပြည့် တပ်ထားလေရဲ့ . . . ။

image