HyperOS မှာ DeepSeek ကို ထည့်သွင်းပေးလိုက်တဲ့ Xiaomi
===================================
Xiaomi က OpenAI ChatGPT, Google Gemini နဲ့ Huawei Pangu AI တို့ကို ယှဉ်ဖိုက်ဖို့အတွက် DeepSeek ကို HyperOS မှာ ထည့်သွင်းပေးလိုက်ပါတယ်။
Xiaomi ဟာ DeepSeek R1 ကို Super XiaoAI Assistant ထဲမှာ စမ်းသပ်နေပါတယ်။ DeepSeek က Xiaomi ရဲ့ဖုန်းတွေမှာ မေးခွန်းတွေကို စမတ်ကျစွာ ဖြေပေးတာ၊ စာရေးသားတာ၊ ကုဒ် ရေးပေးတာ၊ ပြဿနာ ဖြေရှင်းပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ အလုပ်တွေကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။
HyperOS 2 တင်ထားတဲ့ ဖုန်းတွေမှာ “Open Deep Thinking” သို့မဟုတ် “Open DeepSeek” စတဲ့ Voice Command တွေ သုံးလိုက်တာနဲ့ Super XiaoAI ကို ဆင့်ခေါ်နိုင်ပါတယ်။
Xiaomi က အောက်ပါ Device တွေ အပါအဝင် Device ၂၅ ခုမှာ DeepSeek AI ပါတဲ့ Super XiaoAI ကို ရရှိမယ်လို့ အတည်ပြုထားပါတယ်။
• Premium Flagships: Xiaomi 15 Pro, Xiaomi 15, Xiaomi 14 Ultra
• Professional Line: Xiaomi 14 Pro Titanium Edition, Xiaomi 14 Pro, Xiaomi 14
• Redmi Series: Redmi K80 Pro, Redmi K80, Redmi K70 series
• Foldables: Xiaomi MIX Fold 4, MIX Flip
• Tablets: Xiaomi Pad 7 Pro, Pad 7, Pad 6S Pro 12.4
